9

178 36 0
                                    

"Asahi kun....ဦးလေးနဲ့ ခဏစကားပြောရအောင်

အလုပ်လျှောက်ပြီး ပြန်လာတဲ့လမ်းမှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ Harutoပါးပါးနဲ့ တွေ့တယ် ...လမ်းမဆုံကြီးမှာဖြစ်နေတာမို့ ဆိုင်တစ်ခုကိုသွားဖို့ဆုံးဖြတ်လိုက်ကြတယ်
ကားပေါ်မှာ နှုတ်ဆိတ်နေတဲ့
ဦးလေးက ဘာတွေပြောမလဲဆိုတာကြိုတင်မသိနိုင်လို့ ပေါင်ပေါ်မှာတင်ထားတဲ့ အလုပ်လျှောက်ဖို့စာရွက်စာတန်းတွေပေါ်က သူလက်နှစ်ခုကိုပဲ စိတ်လှုပ်ရှားစွာနဲ့ပွတ်နေမိတယ် ....

မင်းသိလား Ruto ....
မင်းနဲ့အတူရှိ‌နေရင် ရပ်၀န်းတစ်ခုလုံးက အမြဲနွေးထွေးပြီး သက်သောင့်သက်သာဖြစ်ရပေမယ့် မင်းရဲ့ပတ်၀န်းကျင်ကတော့
စိမ်းသက်ပြီး အေးစက်လွန်းတယ်......
အဲ့ဒီ့အရာတွေကို ကမ္ဘာပေါ်က အရာအားလုံးထက် ကိုယ်တကယ်ကြောက်တယ်

" Haruto အကြောင်းပြောချင်လို့ပါ
Asahi kun အချိန်ရတယ်မလား "

"ဟုတ် ...ဦးလေး

သူစိတ်လှုပ်ရှားတာ‌ေတွ ပြေပျောက်ဖို့‌ေရှ့မှာချထားတဲ့ခါးသက်နေတဲ့ကော်ဖီတစ်ခွက်ကို တစ်ငုံစာလောက် အရင်သောက်လိုက်တယ်

"Harutoကို ဦးလေးတို့ U.Sဘက်ကို လွှတ်ဖို့ တိုက်တွန်းနေကြတယ်
အဲ့ဒီ့ကိစ္စ မင်းလဲ သိမှာပါ

"ဟုတ် ကဲ့ ကြားပါတယ်

" ဦးလေး ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်ကွာ
မင်းနဲ့  ဦးသားရဲ့ အခြေအနေတွေကို သူများတွေထက် နည်းနည်းပါးပါးပိုသိထားတယ်...

Sahi kunတစ်ဖက်လူကြီးစကားကို ခေါင်းငုံ့ပြီး ရိုသေသမှူ့နဲ့ဆက် နားဆက်ထောင်နေခဲ့တယ်
စိတ်ပူခဲ့မိတာထက် မြန်ပြီး ဦးလေးက ကိစ္စအားလုံးက်ိုသိသွားခဲ့ပြီမလို့
သူဘာပြန်ပြောနိုင်မှာမလို့လဲ

"ဦးလေးက ဒီအခြေအနေကြီးကို ဘယ်လိုမှဆက်လွှတ်ထားလိုက်ဖို့ မရှိပါဘူး
မင်းလဲ ဉာဏ်ကောင်းတဲ့သူတစ်ယောက်ဆိုတော့ စဉ်းစားတတ်မှာပါ
မင်းနဲ့ Harutoကြားက အနေနီးစပ်တဲ့ သံယောဇဉ်တွေကြောင့် ကိစ္စတစ်ချို့ကို  စိတ်ကစားတတ်တဲ့ အချိန်တွေမှာ အထင်မှားကောင်းမှားနေလိမ့်မယ် Harutoကလည်း ဒါတွေနားလည်ဖို့ ငယ်သေးတယ်မလား "

Come To Me [Haruto×Asahi]Where stories live. Discover now