14

283 45 5
                                    

ရုံးပိတ်ရက်ပြီးတော့ ပုံမှန်အတိုင်း ရုံးတတ်ဖို့ နေ့သစ်တစ်ခုဟာစတင်လာပြန်သည်။
အခုတလောNaoက
အိမ်လာလည်သွားတဲ့ဦးဦးအကြောင်း သတိရတဲ့အခါတိုင်းပြောတတ်သေးသည်။

" ကျောင်းမှာ ‌သူငယ်ချင်းတွေရပြီလား Nao chan "

" သုံးယောက်တောင်ရှိတယ် ပါးပါး

ဘတ်စ်ကားဂိတ်ကို သွားနေတဲ့ လမ်းမှာ Nao chan,က သူ့ရဲ့လက်လေးတွေကိုချ်ိုးပြီး Asahiက်ိုရေတွက်ပြနေသေးသည်။

"သူငယ်ချင်းတွေနဲ့တည့်အောင်နေနော် ...
ပါးပါးပေးတဲ့ မုန့်တွေလည်း မျှကျွေးလိုက်ဦး

" ဟုတ် "

Nao ရဲ့ နဖူးလေးကိုAsahi ဖွဖွနမ်းပြီး ကျောင်းကားနဲ့ တင်ပေးရင်း
သူလည်းရုံးကို လာခဲ့သည်။

_____________

"Asahi kun ဘယ်လိုလဲ
ကျွန်တော်တို့ CEOလေးကို ဟိုနေ့ကသေချာမှ ဧည့်ခံလိုက်ရဲ့လား "

" ပုံမှန်ပါပဲ ...မင်းလိုမဟုတ်ဘူး

ခါဇုမဲပြောတာကို သူမြန်မြန်တုံ့ပြန်ပြီး အလုပ်ထိုင်ခုံပေါ်မှာထိုင်လိုက်သည်။

"ဒါနဲ့ နင်တို့သတိထားမိလား
ဒီနေ့ ရုံးနောက်ကျတဲ့ ပြစ်ဒဏ်ဆိုပြီး မလာတော့ဘူးနော်

"သူခိုင်းစရာအလုပ်မရှိတော့လို့ နေမှာပေါ့ "

Asahiက တုံးတုံးတိတိ ဘုဆက်ဆက်အဖြေကိုသာပြန်ပြောလိုက်သည်

" ဒီနေ့ နောက်ကျတာ Asahi kunတစ်ယောက်ထဲပဲမလား အဲ့တာ အရက်မူးပြီးအိမ်လိုက်အိပ်ရတဲ့ ကျေးဇူးကြွေးလေး ဆပ်တာနေမှာပေါ့

"တော်ပါတော့ ခါဇုမဲရယ် နင်ပဲပြောလည်းပြောတတ်တယ် နော်

ဒါနဲ့ .....ဒီနေ့လည်သူဠေးက event တစ်ခုသွားဖို့ ရှိတယ် အဲ့တာ သူနဲ့၀န်ထမ်း၅ယောက်လိုက်ဖို့ပြောထားတယ်
Asahi kunလိုက်မလား

"ကျွန်တော်မလိုက်ချင်ဘူး အစ်မ
အစ်မတို့ပဲ သွား‌ပါ ...

" တစ်ယောက်ကျန်နေလို့မေးတာ Asahi kunရဲ့ ကျန်တဲ့လူတွေက ငါတို့နဲ့သိပ်မရင်းနှီးတော့ မခေါ်ချင်ဘူး
နင်ပါမှ အဆင်ပြေမှာ ...လိုက်ခဲ့မယ်မလား

Come To Me [Haruto×Asahi]Where stories live. Discover now