3

355 64 6
                                    

ပြတင်းပေါက်ကို လိပ်ကာတွေဆွဲဖယ်ရင်း ကြည့်လိုက်တော့ အစ်ကိုSahiရဲ့ အခန်းကျဉ်းလေးကိုRutoရဲ့အခန်းက‌ေနရှင်းလင်းစွာမြင်နေရသည်
စားပွဲပေါ်မှာ ရှင်းလင်းထားတဲ့စာအုပ်အချို့က သပ်ရပ်စွာနဲ့ သူ့အခန်းဆီကပြတင်းပေါက်ပေါ်မှာလွင့်နေတဲ့လိပ်ကာအဖြူစကိုလည်း တစ်ဆက်ထဲ မြင်တွေ့နေရသည်။

အစ်ကိုကတော့ အခန်းထဲမှာရှိမနေ ....
ဒါကလည်း မနက်မိုးလင်းတိုင်းလိုလို
သူ‌ေငးကြည့်နေကျ မြင်ကွင်းဖြစ်ခဲ့ပေမယ့်လို့ ထိုမြင်ကွင်းထဲကို အစ်ကိုက တစ်ခါမှပေါ်မလာခဲ့ပါ ။

ဒီရက်ပိုင်းတွေပိုဆိုးသည်။

အစ်ကို့‌ရဲ့ပါးပါးက လေဖြန်းသွားတော့ ဆိုင်ကိုမသွားနိုင်ဘဲ ဆိုင်လေးကိုပါ ရပ်ထားလိုက်ရသည်။ အစ်ကိုကတော့ သင်တန်းသွား ၊ကျွန်တော့်ဆီစာကူသင် ၊ ညနေပိုင်း‌ဆိုလည်း အချိန်ပိုင်း၀င်လုပ်ရင်း အိမ်ရဲ့တာ၀န်ကို တစ်ဖက်တစ်လမ်းက ထမ်းဆောင်နေသည်။

အခုတလောအစ်ကို့ကို နားလည်ပေးနေရသည်မို့ သူဂျစ်မတိုက်မိတဲ့အချိန်တွေက ပိုများနေမည်ထင်သည်။

..........****

"ကလင်....ကလင်

ဆိုင်တစ်ဆိုင်ရှေ့ စီးတော်ယာဉ်စက်ဘီး လေးကိုရပ်လိုက်ပြီး စက်ဘီးရဲ့ bellကို တီးလိုက်တော့ Sahiအပါအ၀င် ဆိုင်တွင်းက ၀န်ထမ်းတစ်ချို့က လှမ်းကြည့်သည်။

Sahi အချိန်ပိုင်းကူလုပ်နေသည့်ဆိုင်က
သူတို့ရဲ့ဆိုင်ဘေးက စားသောက်ဆိုင်လေးမှာပင်။ သူတို့ရဲ့ရိုးရာခေါက်ဆွဲဆိုင်လေးက ရပ်နားထားရသည်မို့ ဘေးဆိုင်မှာ အချိန်ပိုင်းကူလုပ်ဖြစ် နေသည်။

"Rutoလေးတောင် ရောက်လာပြီ
သား လိုက်သွားရင် သွားတော့လေ

"အာ....မဟုတ်တာပဲ

ဆိုင်ရှေ့ကစက်ဘီးပေါ်မှာ ထိုင်နေတဲ့ Rutoကို အားမနာနိုင်စွာ လှမ်းကြည့်ရင်း ဆိုင်ရှင်အဒါ်ကို ပြောလိုက်သည်။ ဆိုင်နီးနားချင်းဖြစ်တဲ့အပြင် ရင်းနှီးတဲ့ကလေးမို့ ဆိုင်ရှင်အဒေါ်ကြီးက သူ့ကို သက်ညှာပေမယ့် လစာယူတော့ တူတူယူပြီး သူတစ်ယောက်ထဲ အလုပ်တာ၀န်မကျေရင် တခြား၀န်ထမ်းတွေကို အားနာစရာကောင်းလှနေပြီ ။
Rutoကတော့ ပြောစရာ ၊ အားနာစရာမလိုဘဲ သူအနားမှာပဲ ‌ဆက်နေမည့်ကလေးမို့သာ။

Come To Me [Haruto×Asahi]Where stories live. Discover now