"17နှစ်ပြည့် မွေးနေ့ကျရင် ကိုကို့ဆီက လိုချင်တာရှိတယ်"
"ဘာလိုချင်လို့လဲ ?
"ဒီတိုင်းပြောရင် စိတ်၀င်စားဖို့ကောင်းပါ့မလား
"ကြိုပြောထားတော့ လိုချင်တာ ၀ယ်ထားလို့ရတာပေါ့
Asahiကတော့ စာရွက်စာတမ်းတွေကို ပြင်နေရင်း ရုတိုစကားကို အလိုက်သင့်တုံ့ပြန်နေသည်။
"ကြိုမပြောချင်ပါဘူးဆို
အသက်သာ၁၇နှစ်ပြည့်တော့မည့် ရုတိုဟာ
ကလေးဆန် ဂျစ်တိုက်တတ်တုန်း"မရှိတာတော့မတောင်းနဲ့နော် မရဘူး
"အဲ့တာက ကိုကို့ဆီမှာရှိပြီးသားပါ ..ကိုကို့ဆီကပဲ ရမဲ့အရာ တစ်ခု
"ဘာလဲ ....မင်းပြောတာနဲ့ကျောချမ်းလာပြီ....
ရုတိုက ခပ်ကျဲကျဲရယ်ရင်း စကားလမ်းကြောင်းကိုလွှဲလာသည်။
"နောက်တပတ် ကိုကိုဘွဲ့ယူမှာလား ?
ဦးလေးတို့မလိုက်နိုင်ရင် ကျွန်တော်လိုက်ခဲ့မယ်"သူငယ်ချင်းတွေနဲ့သွားမှာ မလိုက်ခဲ့လည်းရတယ်
"လိုက်ခဲ့မယ်လို့ပြောတာ လိုက်ချင်တယ်လို့ပြောတာမဟုတ်ဘူး
"မင်းအရမ်းတွေဇွတ်ကျေနပါလား
အလုပ်ရှူပ်မှာစိုးလိူ့ဘယ်သူ့မှမခေါ်တဲ့ဟာ"မရဘူး ကျွန်တော်က လိုက်မှာပဲ
"အဲ့နေ့ပြန်ရင် ကိုယ့်သူငယ်ချင်းတွေ နဲ့ သောက်ဖို့ရှိတယ်
"ကျွန်တော်လည်းလိုက်သောက်မှာ ကိုကို့ကို စိတ်မချဘူး
"မင်းက ကလေးပဲရှိသေးတာ ...မဆိုးစမ်းပါနဲ့ ရုတိုရယ်
အဆာဟိရဲ့အသံရှည်တွေထဲမှာ စိတ်မရှည်မှုတွေပါလာသည်
ရုတိုက စာပွဲခုံကိုခြေထောက်ဖြင့် ထကန်လိုက်တော့ ဒုန်းခနဲမြည်သွားသည်။ ရုတိုတို့ အိမ်မှာ လူကြီးတွေမရှိတာမို့ တော်သေးသည်
နို့မို့ဆို ဒုန်းဒိုင်းရကောင်းလားနဲ့ လူကြီးတွေအမြင်မှာ မသင့်ေ တာ် ။" တော်ပြီ ...စာဆက်မသင်တော့ဘူး
"မသင်တော့ မင်းက ဘယ်သွားမလို့လဲ
YOU ARE READING
Come To Me [Haruto×Asahi]
Romanceမင်းကို ငါချီးကျူးပါတယ် ဒီလောက်ထိစိတ်ရှည်သည်းခံပြီး ငါ့နားမှာ ရှိနေပေးခဲ့တဲ့အတွက်ပါ Haruto