“သားကို ရုတိုပါးပါးက သဘောမကျဘူးထင်တယ်နော် "
"ဘာလို့လဲ သားရဲ့ "
Sahiမားမားကအခန်းရှင်းပေးနေရင်းသားဖြစ်သူရဲ့ ရုတ်တရက်ပြောလာသောစကားကိုနားစွင့်လိုက်သည်။
Sahiက စာကျက်ဖို့စာအုပ်တွေရှာရင်း ရုတ်တရက်စဥ်းစားမိတာကို အလေးအနက်ထားပြီး ပြောနေတဲ့ပူံစံမျိုးပဲဖြစ်သည်။
“ ရုတို သားကိုလာကြိုတာကို မကြိုက်ဘူးထင်ပါရဲ့"
Sahiလေသံအဆုံးမှာ သက်ပြင်းချသံမဟုတ်တဲ့ အသံပျော့ပျော့တစ်ခုသာ။
"အမေလည်း ခုမှသတိထားမိတယ် ရုတိုလေး မလာတာကြာပြီပဲ ၊ သားလည်း အလုပ်ရှုပ်နေတာနဲ့ မမေးဖြစ်တာ"
"ဟုတ်တယ် သူစက်ဘီးသိမ်းခံထားရတယ်တဲ့..မား"
"သားကို သဘောမကျလို့တော့ ဟုတ်မှာ မဟုတ်ပါဘူး
ရုတိုတို့က ချမ်းသာတယ်မလား ..အဲ့တာကြောင့် သူ့ပတ်၀န်းကျင်နဲ့သင့်လျော်တဲ့ နေရာမျိုးမှာပဲ ရှိစေချင်တာ ဖြစ်မှာပါ "မြင်နေရတဲ့ နန်းတော်ကြီးလိုမြင့်မားတဲ့ရုတိုတို့စံအိမ်နဲ့ သူတို့အိမ်ဘေးက တိုက်ပုလေးလိုပဲ သူတို့ရဲ့အဆင့်အတန်းက ကွာခြားလွန်းသည်ပဲ မဟုတ်လား။
“ ဒါနဲ့ သား .. မင်းပါးပါးလည်းကျန်းမာရေးပြန်ကောင်းလာတာနဲ့ မားတို့ ဆိုင်လေးပြန်ထွက်ရင်ကောင်းမလားလို့ ..သားလည်း ရုန်းကန်နေရတာ တကယ်မကြည့်ရက်တော့ဘူး"
“မားကလည်း ...ဒီမဖြစ်စလောက်အလုပ်လေးနဲ့ သားမပင်ပန်းပါဘူး။ ပါးပါးကို နားခိုင်းပါဦး
“ မင်းပါးပါးက အလုပ်မရှိရင်မနေတတ်တာ သားသိတယ်မလား ။ ခေါက်ဆွဲဆိုင်ကို orderသိပ်လက်မခံဘဲ မင်း အပါးလည်းသက်သာေအာင် ဒီတိုင်းဆိုင်ထိုင်လေးပဲ ရောင်းမယ်လေ။
"တစ်လလောက်တော့ နားပါဦး မားရယ်
ပါးကိုလည်း သားပြောလိုက်ပါ့မယ်"မတူညီတဲ့ အစွန်းနှစ်ဖက်ရှိတဲ့ ဘ၀များ...
++++++++++++++++++++++++++++++
”Sahi kun ဒီနေ့တော့ မငြင်းပါနဲ့တော့ဗျာ ...ကျွန်တော်နဲ့လိုက်ခဲ့ပါတော့
YOU ARE READING
Come To Me [Haruto×Asahi]
Romanceမင်းကို ငါချီးကျူးပါတယ် ဒီလောက်ထိစိတ်ရှည်သည်းခံပြီး ငါ့နားမှာ ရှိနေပေးခဲ့တဲ့အတွက်ပါ Haruto