15

196 37 6
                                    

15

လွန်ခဲ့သော ၆နှစ် ~~

Asahi နဲ့မတွေ့ရတာ ဟိုနေ့ညက ကိစ္စဖြစ်ပြီး ၂ပတ်လောက်တော့ရှိမည်ထင်သည်။
ဒီအတောအတွင်းပါးပါးကစိတ်ဆိုးနေတာကြောင့် သူနဲ့စကားသိပ်မပြောဖြစ်ဘဲ
သူကလည်း မျက်နှာချင်းဆိုင် မတွေ့အောင်အမြဲရှောင်သည် ။

Harutoရဲ့ ဖုန်းအပြင် အပြင်ထွက်ဖို့ပါ စောင့်ကြည့်ခိုင်းခံရတာကြောင့် သူ့အတွက်မလွတ်လပ်။
အိမ်ပေါ်နဲ့ အိမ်အောက်ထပ်သာ သူပျင်းတဲ့အခါ ကူးချည်သန်းချည် လုပ်နေရသည်လေ ။

တခြားကလေးတွေလို အိမ်ကိုလွန်ဆန်ဖို့ကျတော့လည်း ငယ်စဉ်ထဲက ပါးပါးရဲ့စည်းကမ်းတွေအောက်မှာ ကျင့်သားရနေသည်။

" ရော့

စားပွဲခုံပေါ် ဖိတ်စာတစ်ခုကို Mr.Watanabeက ပစ်ပေးလိုက်သည် ဖိတ်စာက ခပ်ကြီးကြီးဖြစ်ပြီး ဘယ်သူ့ဖိတ်စာမှန်းလည်းမသိတာကြောင့် သူဒီအတိုင်းပဲ ကြည့်နေခဲ့သည်။

" ဖိတ်စာကိုဖွင့်ကြည့်လိုက်

ဖခင်ဖြစ်သူပြောမှ သူဖွင့်ကြည့်လိုက်တယ်
ဖိတ်စာပေါ်မှ နာမည်ရေးထားတဲ့ စာလုံးခပ်ကြီးကြီးတွေက သူမမြင်နိင်စရာအကြောင်းမရှိ ။ သို့ပေမယ့် စနောက်မှုတစ်ခုလို့ ထင်ခဲ့သည်။

Asahi နဲ့ Sakura တို့ရဲ့ မင်္ဂလာဖိတ်စာ ဖြစ်နေပြီး သူ့အတွင် ဖခင် ရဲ့ လှည့်ဖျားမှု တစ်ခုလို့သာ ကောက်ချက်ချလိုက်တယ်

"ဒါက ဘယ်လိုမှမဖြစ်နိုင်တာပဲ

"မင်း  Asahi  နဲ့စကားပြောလိုက်ပါ
ခဏတွေ့ခွင့်ပေးမယ်

Asahi က ဘာကိစ္စနဲ့ ကျွန်တော့်ကို စွန့်ပစ်မှာတဲ့လဲ ။ သူ့ဘက်က စချစ်ခဲ့ရတာဆိုပေမယ့် Asahi ဘက်ကလည်း သူ့ကိုချစ်မြတ်နိုးခဲ့တယ်ဆိုတာ လူတိုင်းကို လိုက်ပြောပြချင်မိပါရဲ့

....

ဆိုင်တစ်ခုမှာ ပါးပါးက Asahi kun ကို ချိန်းဆိုကာ သူနဲ့အတူ ထိုင်နေသည် ။
Asahi ကို စကားတွေအများကြီးမေးချင်ခဲ့ပေမယ့် ဖခင်ဖြစ်သူရဲ့ စောင့်ကြည့်ကာလဖြစ်နေတာကြောင့် သူမလွတ်မလပ် ။

ခဏအကြာမှာတော့ အိတ်တစ်ခုကိုကိုင်ကာရှပ်လက်ရှည်အပွကပိုကရိုနိုင်နိုင်နဲ့ပဲ Asahi kun ဆိုင်ထဲကိုရောက်လာတယ်

Come To Me [Haruto×Asahi]Where stories live. Discover now