7

211 36 3
                                    

ဒီတောအတွင်း Asahi ပါးပါးရဲ့ကျန်းမာရေးတွေ ပြန်ကောင်းမွန်လာသည် ။စီးပွားရေးအခြေအနေလည်းအရင်လို ပြန်လည်ပတ်နေဆဲဖြစ်သလို Asahiကလည်း အလုပ်လျှောက်ဖို့အတွက် ပြင်ဆင်နေခဲ့တယ်

" 15ရက်နေ့ကျရင် အိမ်မှာ Birthday Party ရှိတယ်.....လာခဲ့နော် အန်တီ "
"ဦးလေးရောပဲ"

"ဦးလေးတို့က အသက်ကြီးနေပါပြီ
ကလေးတွေပဲပျော်ကြပါ "

" မင်းအစ်ကိုကိုလည်း ဖိတ်သွားလေRuto chan "

"ဟုတ် ဖိတ်မလို့ပဲ အန်တီ"

"အပေါ်ထပ်မှာ ခုထိအိပ်နေတုန်းပဲ ...သွားနှိုးလိုက် ...သားလေး

Sahi kun ရဲ့ မေမေဆီကနေ ခွင့်ပြုချက်ရပြီးတာနဲ့ Ruto အိမ်ပေါ်ထပ်သို့ တတ်လာလိုက်တယ်
Sahi kunအခန်းထဲ၀င်လိုက်တော့ ကုတင်ပေါ်မှာ အိပ်နေတဲ့ Sahi kunကိုတွေ့ရတယ်လေ
အခုထိ အိပ်ပျော်နေပုံအရ ညက သောက်ထားတဲ့အရက်ရှိန်လဲ ပါမယ်ထင် ...

သူဆူညံသံတွေလည်းမလုပ်ဘဲ Sahi kunထိုင်နေကျ အခန်းထဲက ခုံပေါ်မှာ ငြိမ်ငြိမ်လေးထိုင်နေရင်း ချစ်ရသူကို အကြာကြီး မေးထောက်ကာကြည့်နေလိုက်တယ်

ပြတင်းပေါက်က ၀င်လာတဲ့ နေရောင်တွေကြောင့်ထင်ပါရဲ့
Sahi kunရဲ့ မှိတ်ထားတဲ့ မျက်လုံးတွေကလည်း လှုပ်ရှားလာတယ်

" ဘယ်တုန်းက ရောက်တာလဲ "

Sahi kun က အိပ်ယာနိုးလာလာချင်း ကုတင်ပေါ်ဆက်ခနဲကောက်ထိုက်လိုက်တယ် ပြီး
တော့ အိပ်ယာဘေးခုံပေါ်က မျက်မှန်ကို‌ တပ်လိုက်တယ်

" ခုနလေးတင်ပဲ "

" မျက်နှာသွားသစ်လိုက်ဦးမယ် ... ခဏစောင့်

အိပ်ယာထကာစ မျက်နှာမသစ်ရသေးတာတောင် ကလေးတွေလို အသားရည်က နူးညံ့နေတော့တာ ....

ထပ်ပြီး Sahi kunရဲ့ အသံတွေကလည်း အရင်ကထက် နူးညံ့နေခဲ့တယ်လေ

မနေ့ညက ကိစ္စတွေကို အစမဖော်ချင်မှာမဟုတ်တဲ့ Sahi kumအကြောင်း Rutoကောင်းကောင်းသိထားတယ်
ဒါပေမဲ့ ဒီအခြေအနေလေးကပဲ သူ့အတွက် လုံလောက်နေပါပြီ .....

_______

"အစားအသောက်အတွက်ကျေးဇူးတင်ပါတယ်

မနက်ခင်းအစားစာတွေအတွက် သူတို့ရိုးရာအတိုင်း လက်အုပ်ချီဆုတောင်းလိုက်တယ်

Come To Me [Haruto×Asahi]Where stories live. Discover now