16

197 38 5
                                    

"Sakura san....
ဒီနေ့က မင်းရဲ့သမီး Nao ရဲ့ မွေးနေ့လေ ...

မို့‌မောက်နေတဲ့ မြက်ခင်းစိမ်းအကြီးကြီးက
အပွင့်‌တွေ ဝေနေတဲ့ ချယ်ရီပန်းပင်အောက်မှာ ငြိမ်သက်စွာရှိနေသည်။
သူလက်ထဲက နှင်းဆီပန်းအဖြူစီးလေးကို Sakura အိပ်စက်အနားယူနေတဲ့ထိုမြေပုံပေါ်တင်လိုက်သည်။

" Nao က ဒီနေ့ဆို 6နှစ်ပြည့်ပြီ ..
မင်း လူ့လောကမှာ မရှိတော့တာလည်း 6နှစ်ပြည့်ခဲ့ပြီနော်
.... Nao က အခုဆို ကျောင်းလဲတတ်နေပါပြီ
Osaka နဲ့ Tokyoက ဝေးတယ်ဆိုတော့ Naoကို မင်းလည်း မြင်ချင်မယ်ထင်လို့ပါ

Asahiတစ်ယောက် ငြိမ်သက်နေတဲ့မြက်ခင်းစိမ်းစိမ်းတွေနဲ့စကားပြောနေပေမယ့် Naoကတော့ သူရဲ့ ခြေလေးငါးလှမ်းအကွာမှာ တစ်ယောက်ထဲ ထိုင်ဆော့နေခဲ့သည်။

"Naoအတွက်တော့မပူပါနဲ့
ငါတစ်သက်လုံး သမီးအရင်းအဖြစ်နဲ့စောင့်ရှောက်ပေးသွားမှာပါ
မင်းလည်းစိတ်ချတယ် မဟုတ်လား

သူတစ်ယောက်ထဲပြောနေပေမယ့် မြက်ခင်းပြင်ဟာ ပကတိအတိုင်းငြိမ်သက်နေဆဲ

လွန်ခဲ့တဲ့ 6နှစ်က
Haruto ကို သူ့ပါးပါးပြန်ခေါ်သွားတဲ့ မနက်ခင်းမှာ
တံတားပေါ်ခုန်ချမယ်လုပ်နေတဲ့ Sakura နဲ့ ဆုံခဲ့တာကနေ လက်ထပ်ဖို့  ဘာမှ‌မတွေးဘဲ ဆုံးဖြတ်လိုက်တာပင် ။
အဆုံးစီရင်ဖို့ပါ ကိုယ့်ကိုယ်ကို ကြိုးစားခဲ့တဲ့ Sakuraကို မနည်းဖြောင်းဖြခဲ့ရသည်။
ကိစ္စအားလုံး သူ့နေရာနဲ့သူရှိဖို့အတွက်  Harutoကို လက်လွှတ်နိုင်ဖို့လည်း
သူဘယ်လိုမှမတွေးခဲ့ဖူးတဲ့ လမ်းစွန်တစ်ခုကိုရွေးချယ်ဖို့ဖြစ်လာခဲ့ရသည်
ပုံမှန်မဟုတ်တဲ့ယောင်္ကျားလေးနှစ်ယောက်ချစ်ခြင်းနဲ့ Harutoသည်လည်း သူ့အသိုင်းအဝိုင်းမှာ Sakuraလိုမျိုး ကံဆိုးမိုးမှောင်ကျနေလိမ့်မည်။ ရုတ်တရက်ဘာမှမတွေးဘဲ ဆုံးဖြတ်ချက်ချလိုက်မှုက Haruto နဲ့ သူ့ကို တသက်လုံးမဟာတံတိုင်းကြီးတစ်ခုခြားသွား‌စေခဲ့သည်။

Sakura နဲ့ လက်ထပ်ပြီး
Nao ကို မမွေးခင် မိဘတွေရှိတဲ့နယ်ကိုပြန်ခဲ့သည်

Nao ကို ကိုယ်၀န်လွယ်ထားတဲ့ သူမကို Asahi နဲ့ မိဘတွေ‌ကရော ကူညီစောင့်ရှောက်ပေးခဲ့သည်။
နယ်မြေအပြောင်းလဲနဲ့ မြို့ပြလို ပူလောင်မှုတွေသိပ်မရှိနဲ့ နေရာ မှာ Sakura က လည်း ပျော်ရွှင်ခဲ့သည်။
မွေးဖွားခါနီးမှ Sakuraမိခင်က ပစ္စည်းကိရိယာပိုမိုစုံလင်တဲ့ Osakaကို ရွှေ့ခိုင်းသည်။

Come To Me [Haruto×Asahi]Where stories live. Discover now