18 FINAL

435 45 11
                                    

2လခန့်ကြာပြီးနောက် .....

Haruto အိပ်ယာကနိုးလာပြီး သူ့မျက်လုံး တွေဖွင့်လိုက်တိုင်းမှာ အရင်ဆုံးမြင်ရတဲ့ အိမ်ရဲ့သစ်သားမျက်နှာကြတ်တွေကို အရမ်းသဘောကျသည် ...ထပ်ပြီး နားထဲရောက်လာတဲ့ ကျေးငှက်သံလေးတွေနဲ့ သဘောအကျဆုံးကတော့
သူ့ဘေးမှာ ချစ်ခင်စုံမက်ရတဲ့ သူဟာ သူနဲ့ ကြမ်းတပြေးညီထဲမှာ လဲလျောင်းအိပ်စက်နေတာကိုပင်.

ဘေးကလူက စောင်ပုံထူထူထဲထဲတွေကြားမှာ အနည်းငယ်လှုပ်နေတာကြောင့် သူလည်း အိပ်ယာက နိုးနေမည်ဟုထင်သည်။

Haruto သူ့ရဲ့ကိုယ်ပိုင်ကွန်ဒိုကိုမပြန်တော့တာလည်းတော်တော်ကြာနေပြီဖြစ်သည် ။

ဟိုတလောကတောင် သူ့ရဲ့အ၀တ်စားတွေကို luggageတစ်လုံးနဲ့ Asahi အိမ်ကို ရွှေ့လာခဲ့သေး....
Nao ကတော့ ပျော်နေပေမယ့်Asahi ကတော့ သူ့ကို ‌အိမ်ခပ်ကျဉ်းကျဉ်းထဲမှာ ဒုက္ခမခံခိုင်းစေချင်ဟန်တူသည်။
သို့ပေမယ့် သူလတ်တ‌ေလာစွဲလမ်းနေတဲ့ဝါသနာဆိုရင် ထိုအိမ်လေးနဲ့ အိမ်ထဲမှာနေထိုင်နေတဲ့ အိမ်သားတွေပဲဖြစ်သည်။

ဘေးကလှုပ်နေတဲ့ လူရဲ့ ဆံပင်တွေကိုလက်နဲ့ ထိုးဖွပစ်ရင်း သူသဘောကျစွာ ပြုံးလိုက်မိတယ်
ဘ၀ရဲ့ အေးချမ်းမှုဆိုတာ ဒါမျိုးများလား ..

Asahiလည်း ခေါင်းမြီးခြုံထားတဲ့ စောင်ပုံထဲကထွက်ကာ လက်ပေါ်ကို ခေါင်းကိုတင်လိုက်ရင်း Harutoကို ပြန်စိုက်ကြည့်နေခဲ့သည်။

"အိပ်ယာမထသေးဘူးလား "

Harutoခပ်တိုးတိုးပြောလိုက်သည်။
Asahiကိုစကားစပြောရင်း တစ်နေ့တာကို စတင်ရသည်မှာလည်း စိတ်၀င်စားဖို့ကောင်းနေတာပင်

"မထချင်သေးဘူး နည်းနည်းစောနေသေးတယ်

နံရံပေါ်က 6နာရီကိုညွှန်နေတဲ့ နာရီကိုပြရင်း Asahiငြီးငြူပြလိုက်သေးသည်။
ဟိုတလောလေးကတင်ပဲ Asahiကဆံပင်ကို ချစ်ဖို့ကောင်းစွာ တိုတိုလေးညှပ်ထားတော့ Harutoရဲ့Asahiအ‌ပေါ် မြတ်နိုးမှုတွေက မျက်လုံးထဲကတောင် ပြည့်လျှံနေလောက်မည်။

Asahiအနားကို Harutoတိုးပြီး အသည်းယားလွန်းလို့ လည်ကုတ်ကိုလည်း ဖွဖွလေးနမ်းလိုက်သေးသည်

Come To Me [Haruto×Asahi]Where stories live. Discover now