17

254 42 6
                                    

ဒီနေ့ရုံးပြန်တတ်မယ့်နေ့မှာ Asahiက ဘတ်စ်ကားနဲ့ ရုံးကိုသွားဖို့ပြောပေမယ့် Harutoက သူ့ရဲ့ကားနဲ့ လိုက်ဖို့ခေါ်ခဲ့သည်။
Naoကို ကျောင်းပါလိုက်ပို့ပေးပြီး ရုံးထိ ကားမောင်းပေးနေတဲ့Harutoကို ထပ်ပြီး သူငြင်းလို့မရနိုင်တဲ့အပြင်
ရုံးကလူတစ်ယောက်ယောက်များမြင်ရင် အမေးအမြန်းထူလို့ ပြီးမှာတောင် မဟုတ်တော့ဘူးလေ ။

Harutoက ကားပါကင်မြေအောက်ခန်းထိကားကိုမောင်းလာခဲ့တယ် ။
ကားပါကင်မှာတော့ ရုံးကလူတွေ မရှိနိုင်ဖို့မျှော်လင့်တာပါပဲ။

" ကောင်းသော မနက်ခင်းပါ... Haruto kun "

Asahiကားပေါ်က ဆင်းမလို့ဟန်ပြင်တုန်း ဘယ်ကနေထွက်လာမှန်းမသိတဲ့ ခါဇုမဲက Harutoကို နှူတ်ဆက်လိုက်သည်။
ရုံးရဲ့cctvနဲ့မှ ပက်ပင်းတိုးမိလေခြင်း

"အယ် ...Asahi kun ရော တူတူလာတာလား "

ခါဇုမဲကနောက်မှAsahiကို တွေ့သွားဟန်နှင့်နှုတ်ဆက်တော့ သူနှုတ်ခမ်းကို ဖိပြီး ခေါင်းငြိမ့်ပြရုံပဲရှိသည်။

"လမ်းမှာတွေ့လို့လေ.. ..အဲ့ဒါHaruto kun က အတူလိုက်ဖို့ခေါ်လို့
ဘာလုပ်နေတာလဲ အထဲမ၀င်ဘူးလား ...

Asahi တစ်ယောက် ခါဇုမဲကို အာရုံလွှဲကာ သူနဲ့ အတူခေါ်လာလိုက်သည်။
နောက်က Harutoကတော့ ကားတံခါးပေါ်လက်တင်ရင်း သူတို့ကိုကြည့်ကာ ကျန်နေခဲ့တယ်

"အစ်မmoko ...အစ်မ ..

"ဘာလဲ ...."

"ဒီနေ့Asahi kunက ဘယ်သူနဲ့လာတယ်ထင်လဲ

ခါဇုမဲကရောက်တာနဲ့ ပြန်လည်ဖောက်သည်ချဖို့ ပြင်ဆင်နေတဲ့အတွက် Asahi ခေါင်းကိုခါရင်း အလုပ်စားပွဲပေါ်သူ့ရဲ့ အိတ်ကိုတင်လိုက်သည်။ခါဇုမဲကတော့ သူ့တာ၀န်သူ ထမ်းဆောင်ဉီးမှာပဲ

"Haruto kun နဲ့လိုက်လာတာဗျာ ...
ကျွန်တော်တို့သူဠေးက သူ့ကားပေါ် လူတင်ဖို့တွန့်တိုတာလည်းသိရဲ့သားနဲ့
ဟိုတစ်ခါအပြင်ထွက်တုန်းကလည်း တခြားကားနဲ့ပဲ ကိုယ်တွေကို လွှတ်ခဲ့တာမလား"

" အယ် ...ဟုတ်သား "

"ဘာတွေ အတွေးလွန်နေကြတာလဲ ...
ဒီတိုင်း လမ်းမှာတွေ့ရုံလေးပါဆို

Come To Me [Haruto×Asahi]Where stories live. Discover now