10

242 36 3
                                    

Harutoရဲ့ ပါးပါး ချိန်းထားတဲ့
ဂေါ့ဖ် ကလပ်တစ်ခုကို သူရောက်လာခဲ့တယ်
အထဲမှာတော့
လူလည်းအနည်းငယ်ရှင်းနေတာကြောင့် သူတို့ရှိရာနေရာကို တန်းတန်းမတ်မတ်တွေ့နိုင်ခဲ့တယ်

ဦးလေးနဲ့အတူ Sakuraရယ် သူ့အဖေဖြစ်သူလည်း အတူရှိနေသည် .

ဂေါ့ဖ်ရိုက်နေတဲ့ လူကြီးနှစ်ယောက်ကို သူမနှောင့်ယှက်ချင်တာနဲ့ ခဏလောက် စောင့်နေလိုက်တယ် အတော်တန်ကြာမှ
သူတို့က သတိထားမိဟန်နှင့် နှုတ်ဆက်တော့ Asahi လည်း ပြန်နှုတ်ဆက်ခဲ့တယ်

Sakuraကတော့ ထိုင်ခုံတစ်ခုမှာပဲ
တည်တည်‌ငြိမ်ငြိမ်လေးဘဲ ထိုင်နေတာ‌တွေ့ရတယ်
လူကြီးနှစ်ယောက်က လက်အိတ်တွေ ချွတ်ပြီး ဂေါက်ဖ်တံတွေကို ဘေးက ၀န်ထမ်းတွေဆီ သိမ်းဖို့ပေးလိုက်တယ်

" ဦးလေး တို့ Asahi kunနဲ့ မွေးနေ့ပါတီမှာတွေ့ဖူးခဲ့တယ်နော်

"ဟုတ်ကဲ့

" Sakuraဆီကနေလည်းAsahi kunအကြောင်းတွေ ပြောတာကြားဖူးတယ် "

"ဟုတ် သိတယ်ဆိုလို့ ၀မ်းသာပါတယ် ဦး "

Sakura ရဲ့ ဖခင်က
ခုမှသေချာလေးတွေ့ရတာဖြစ်ပေမယ့် သူ့ကို ခင်မင်တဲ့ဖူးတဲ့ သူတစ်ယောက်လိုမျိုး ဆက်ဆံနေခဲ့တယ် တကယ်ဆို သူကသာ ဒီအခြေအနေကို စိမ်းသက်နေခဲ့တာ

" ဒါဆို လက်ဖက်ရည် သွားသောက်ကြမလား "

Haruto ဖခင်က ဖိတ်ခေါ်လိုက်တော့  ခေါင်းငြိမ့်ခဲ့တယ်
ပြီးတော့ ဂေါ့ဖ်ကွင်းထဲက ဆိုင်တစ်ခုကိုပဲ သူတို့အတူသွားလိုက်ကြတယ် ...
သစ်ပင်တွေနဲ့မို့ ပတ်၀န်းကျင်ကလည်းအတော်လေးစိမ်းလန်းနေပြီးသာသာယာယာလည်း ရှိသည်။

လူကြီးနှစ်ယောက်ရဲ့ ရောက်တတ်ရာရာ စကားတွေကို သူတို့နှစ်ယောက်လုံးအချိန်အနည်းငယ်ကြာထိနားထောင်နေခဲ့တယ် ...

"အခု ခေါ်လိုက်တဲ့အကြောင်းအရင်းကို မကွေ့ဝိုက်ဘဲ ပြောကြတာပေါ့ "

Harutoပါးပါးကတော့ အမြဲ ပွင့်ပွင့်လင်းလင်းရှိတတ်တဲ့သူပင်...
Sakura ဖခင်ဘက်ကိုလည်း  လက်အမူအရာနှင့် သူ့အစား ပြောဖို့ကို အရိပ်အ‌ေယာင်ပြလိုက်သည် .....

Come To Me [Haruto×Asahi]Where stories live. Discover now