8

185 34 4
                                    

"Sakuraက ကိုကို့ရဲ့ အချစ်ဦး ...ဟုတ်နေခဲ့တယ်မလား
ပြီးတော့ အထက်တန်းကျောင်၀တ်စုံရဲ့ ဒုတိယကြယ်သီးက အဲ့ဒီ့မိန်းကလေးဆီမှာပဲလေ "

အမြဲ တမ်း စိတ်ဆိုးစိတ်ကောက်တတ်တဲ့ကောင်လေးက ဒီညမှာလည်း Sahi kunကို ရစ်နေပြန်တယ် ...

အနေအေးတတ်တဲ့ ကောင်လေးက တစ်ချို့အကြောင်းအရာတွေကို
လူတိုင်းဆီ မပြောပြချင်ခဲ့ဘူးလေ

" မင်းယုံချင်မလားတော့ မသိပေမယ့် Sakuraမှာ အခုတဲွ‌ေနတဲ့ ကောင်လေးရှိတယ် ပြီးတော့ ငါတို့ကအခုမှပြန်တွေ့ကြတာ

ထိုအခါမှ  လေးကိုင်းသ‌ဏ္ဍန် နှုတ်ခမ်းလှလှတွေ ဆူပုတ်နေတာလေးများပြေလျော့စပြုသည် ။

"ငယ်ငယ်တုန်းက Sakuraကိုယ်တိုင် ကိုယ့်ရဲ့ အဲ့ဒီ့ကြယ်သီးကို တောင်းခဲ့တာလေ ...လူငယ်တွေသဘာ၀ စိတ်ကစားခဲ့ပေမယ့် Uniတတ်တော့ ကိုယ်တို့ မတွေ့ဖြစ်ခဲ့ကြဘူး အဆက်သွယ်လဲပြတ်သွားခဲ့တယ်
ဒါပေမဲ့ သူငယ်ချင်းတွေ ပြောပြတဲ့ သူ့အကြောင်းတွေတော့ အကုန်သိရတယ်
ဒါကလည်းကိုယ်သိချင်မလားမလားဆိုပြီး လာပြောပေးကြတာ
ပြီးတော့ Sakuraက သွက်လက်တဲ့ မိန်းကလေးမို့ ကိုယ့်ကို ဒီလိုမျိုးနှုတ်ဆက်ခဲ့တာပဲ "

"အဲ့တာဆို ဟိုနေ့ညထဲက ဘာလို့မပြောတာလဲ

"ဒီတိုင်းမပြောလည်း ရတယ်ထင်လို့လေ "

မီးရောင်တွေအောက်မှာ Rutoက အေးချမ်းနေတဲ့ Sahi kunကို ငေးကြည့်နေခဲ့တယ်
Haruto အတွက် ပါတီဆိုပေမယ့် Rutoက စိတ်ဆိုးနေတဲ့အတွက် သူ့ကိုရှင်းပြရင်း အိမ်နောက်ဘက်က ရေကူးကန်ဘေးက ထိုင်ခုံတွေပေါ်ကို နှစ်ယောက်လုံး ရောက်လာဖြစ်ခဲ့တာပဲ .....
‌ပါးပါးနဲ့ မားမားတို့ကတော့ မိတ်ဆွေတွေကို ဧည့်ခံရတာနဲ့ မအားဖြစ်ကြသေးဘူးမို့လား.....

" နေဦီး ....ကျွန်တော် မီးပန်းတွေ သွားယူခဲ့မယ်

အိမ်ထဲကနေမြန်မြန်ထွက်လာပြီး ညနေက၀ယ်လာတဲ့ မီးရှူးမီးပန်းတွေနဲ့ မီးညှိဖို့အတွက်ပါ တစ်ခါထဲ ယူခဲ့တယ် .....

" ကျွန်တော် ညှိပေးမယ် ပေး "

Sahi kun ရဲ့ မီးတိုင်လေးက Ruto မီးညှိပေးလိုက်တာနဲ့ လှပတဲ့ မီးပန်းအဖွာလေးတွေထွက်တယ် ပြီးတော့ Rutoက သူ့ရဲ့မီးတိုင်ကို ပါ အတူတူမီးညှိလိုက်တယ်

Come To Me [Haruto×Asahi]Where stories live. Discover now