13

215 38 4
                                    

" ပါးပါး ဒီဦး‌ဦးကလေ
Neneတို့ TVထဲက မင်းသားလေးအတိုင်း အရမ်းချောတယ် ....

" ဟုတ်ပါပြီ ....Naoလေး ဒီဘက်လာခဲ့
ဦးဦး နိုးသွားဦးမယ်

သူအိမ်မက်ထဲကလိုလို လက်တွေ့ထဲကလိုလို ကလေးအသံနဲ့ လူတစ်ယောက်စကား ပြောသံတွေကို ကြားယောင်နေပြန်သည်။
သူ့ရဲ့ ကွန်ဒိုအခန်းနဲ့ မတူဘဲ လင်းလင်းထင်းထင်းဖြစ်နေကာ ကျေးငှက်သံတွေတောင် နားထဲမှာ ကြားနေရသလိုပင် ။

သူရုတ်တရက်လှုပ်ရှားဖို့ကြံလိုက်တာနဲ့  ခေါင်းကလည်း အတော်လေးကိုက်နေခဲ့ပြန်သည်။
ဖြေးဖြေးချင်းမျက်လုံးကို အားယူ ဖွင့်မိတော့ သူ့အိပ်တဲ့နေရာဘေးမှာ ကလေးမလေးတစ်ယောက် ။ ပြီးတော့ မီးမှိတ်ပြီးအိပ်တတ်တဲ့ သူက လင်းထိန်နေတဲ့ ပတ်၀န်းကျင်အပြင်
သူ့ကိုသေချာကြည့်နေတဲ့ ကလေးမလေးကြောင့်ရော ခဏမျှလန့်သွားမိသည်

" ပါးပါး .... ဦးလေး မျက်လုံးပွင့်လာပြီ သိလား...

ကလေးမလေးက ပါးပါးဆိုပြီး အိမ်ပေါ်ကနေ ဒုန်းဒုန်းနဲ့ အောက်ကိုပြေးဆင်းသွားတယ် ...
သူအိပ်‌တဲ့နေရာကလည်း သစ်သားလျှာထိုးပြားတွေပေါ်မှာ အိပ်ယာခင်းအပါးလေးခင်းထားပြီး ..
..စောင်ထူထူတွေက သူ့အပေါ်မှာရှိနေခဲ့သည်။

သူခေါင်းကို လက်နဲ့ဖိပြီး ပတ်၀န်းကျင်ကို စူးစမ်းမိရင်းAsahi kunက အိမ်ရှေ့မှာ အ၀တ်လျှော်နေရာကနေ ဘောင်းဘီအောက်ဖျားတွေ ရေစိုတစ်၀က်နဲ့ သူအိပ်နေတဲ့အိမ်ပေါ်ကို လှမ်းကြည့်နေတယ် ။

" မင်း နိုးလာပြီလား

" ကျွန်တော် ဒီကို ဘယ်လိုရောက်

"မင်းညက အိမ်ပြန်ကားမမောင်းနိုင်တာနဲ့ ခေါ်လာတာ "

" ကျွန်တော့်မန်နေဂျာကို ခေါ်လိုက်လေ

သူ့ပုံစံက ခေါင်းကိုဖိထားရင်းနဲ့တောင် သူ့ကို ရန်စကားသံတ၀က်နဲ့ ပြောနေခဲ့သေးသည်။

" ငါတို့ ရုံးကလူတွေ နဲ့ ဖုန်းခေါ်သေးတယ်
သူဖုန်းပိတ်သွားလို့
ပြီးတော့ ငါ့အိမ်ကလည်း ဒီလမ်းထဲမှာမလို့ သူတို့က ပို့ပေးခဲ့ကြတာ "

မနေ့ညက မန်နေဂျာက သူ့တို့ထက်အရင်ပြန်သွားခဲ့သည် ။ အဲ့တာတွေထိ မှတ်မိပြီးဒီလို ဘယ်လိုဘယ် ပုံ အိမ်ရောက်လာခဲ့သလဲတော့ သူလုံး၀မမှတ်မိခဲ့ ။

Come To Me [Haruto×Asahi]Where stories live. Discover now