12

230 39 1
                                    

“ဒီနေ့ အလုပ်နောက်ကျတဲ့သူတွေ
ညနေကျရင် ရုံးခန်းရဲ့ မှန်တွေကို သန့်ရှင်းရေးလုပ်ပေးရပါမယ်

လတ်တလော ပြောင်းလဲသွားတဲ့ CEOအသစ်နဲ့ company ရဲ့စည်းကမ်းအသစ်တွေက တော်တော်လေးပြင်းထန်ခဲ့သည်။
မန်နေဂျာကပြောသွားတော့ ခါဇုမဲက ခေါင်းကုတ်တယ် ။ သူလည်း Asahi kunလို မျိုး ဒီနေ့မှာ ‌ရုံးနောက်ကျခဲ့သည်။

မနက်က ကားတိုက်မလိုဖြစ်တဲ့ Nao အကြောက်ပြေအောင် မနည်းချော့နေရလို့ သူကတော့ အလုပ်နောက်ကျနေပေမယ့် ခါဇုမဲလိုလူပျိုလူလွတ်က နောက်‌ကျတာတော့ ဆိုးလွန်းသည်။

"Asahi kun ကျွန်တော်က
သန့်ရှင်းရေးမကျွမ်းဘူးနော် ...
ကျွန်တော့်ကို ကူပေးအုံး

"ငါတို့ CEOကလည်း ကလေးဆန်လိုက်တာ "

အစ်မ mokoက CEO ရုံးခန်းထဲ ချောင်းရင်း ခပ်တိုးတိုးပြောသည် ။

" သူလည်း ငယ်သေးလို့ ဖြစ်မှာပေါ့ "

" အယ် Asahi kunက မသိရင် CEO နဲ့ ရင်းနှီးတဲ့ပုံစံမျိုးပဲနော် 
သူ့အသက်ဘယ်လောက်ရှိလဲ အစ်မတို့တောင်မသိသေးဘူး

" မ.. မဟုတ်ပါဘူး ...အစ်မ mokoကလဲ
သူ့ပုံစံက အဲ့လိုပေါက်တယ်လေ... ငယ်တဲ့ပုံပဲ ဟုတ်တယ်မလား  "

"Asahi kun ပြောမှ သတိထားမိတယ်
Haruto kunက ကျွန်တော်နဲ့အသက်တူမယ်ထင်တယ် "

"တော်တော့ ... မန်နေဂျာ ထပ်လာဦးမယ်
တော်ကြာပြစ်ဒဏ်ထပ်တိုးနေမှ

သူပြောလိုက်မှ အစ်မmokoနဲ့ ခါဇုမဲက သူ့နေရာကနေ ခွာသွားကြသည်။

.......

" ဒီမှာပါ တောင်းထားတဲ့စာရွက်တွေ

Haruto kun ရဲ့ စားပွဲပေါ် စာရွက်အချို့တင်ပေးလိုက်သည်။..ရာထူးလည်းကျသွားတော့ ပိုရုန်းကန်မှရမယ်ဆိုတဲ့ စိတ်နဲ့
သူတောင်းထားတဲ့ စာရင်းတွေ တတ်နိုင်သမျှ မြန်မြန်စု‌ပေးခဲ့သည် ။ အထက်လူကြီးကလည်း သူစိုးရိမ်တဲ့Haruto ဖြစ်နေခဲ့သည်မဟုတ်ပါလား။

Haruto kunကAsahi ကို နည်းနည်းလေးမှ မျက်နှာချင်းမဆိုင်မိဘဲ  မျက်နှာရှေ့ကစာရွက်စာတန်းတွေကိုပဲ အာရုံစိုက်နေတဲ့ အမူအရာမျိုးနဲ့ပင်။

Come To Me [Haruto×Asahi]Where stories live. Discover now