တိုကျိုရဲ့ မနက်ခင်းဟာ နေရောင်ခြည်နွေးနွေးလေးဖြာကျနေခဲ့တယ်
မနေ့ညက မိုးရွာထားတဲ့အရှိန်ကြောင့် လေထုကလည်း သန့်စင်နေခဲ့တယ် ...
ခြံထဲက သစ်ရွက်စိမ်းစိမ်းလေးတွေကတော့ မိုးစက်တစ်ချို့ကို လေမှာယိမ်းနွဲ့ရင်း ခါချပစ်နေကြတယ်
သူနေထိုင်ရာ သစ်သားအိမ်လေးကတော့ မနက်ခင်းစောစောမှာပဲ ဟင်းနံ့တွေနဲ့ မွှေးကြိုင်နေခဲ့ဝာယ်လေ...
သူ့ပုံစံဟာ အနာဂတ်မရှိတဲ့လူလိုမျိုး အပူပင်ကင်းနေတဲ့ ပုံမျိုးနဲ့ပင် ။4နှစ်နီးပါး ချက်ပြုတ်လာခဲ့တာမို့ ယောင်္ကျားလေးတစ်ယောက်ပဲ ဖြစ်စေဦးတော့ မီးဖိုချောင်ပစ္စည်းတွေ နဲ့ သူဟာ အကျွမ်း၀င်နေခဲ့တယ်
တခါတလေ မီးဖိုပေါ်က ဆူပွက်နေတဲ့ ဟင်းအိုးကို လက်နှီးမပါဘဲ ဆွဲမိတာကလွဲလို့ပေါ့ ...
ပူသွားတဲ့ လက်ကို နားရွက်အေးအေး ဆီ ကိုင်လိုက်ပြီးတော့ သူလုပ်ရမဲ့ တာ၀န်တစ်ခုကို သတိရရင်း အိပ်ခန်းထဲကို ပြေးသွားခဲ့တယ် ....
"Nao chan.......Nao chan
အိပ်ယာကထတော့လေ သမီး "သိုပေမယ့် အိပ်ပုပ်လေးက သူ့စကားတွေကို အိမ်မက်ကမ္ဘာကနေတောင် အရေးမလုပ်ခဲ့ ..
"Nao chan ...
ကျောင်းသွားရတော့မယ့် အချိန်လည်း နီးတာကြောင့် အိပ်နေသေးတဲ့သမီးဖြစ်သူကို ပွေ့ချီရင်း မျက်နှာသစ်ရမဲ့နေရာဆီကို ခေါ်သွားလိုက်တယ်
ပြီးတော့ ရေချိုးခန်းထဲက သမီးအတွက် လုပ်ထားတဲ့ ခုံပုလေးပေါ်ထိုင်ခိုင်းပြီး သွားတိုက်ဆေးကိုသွားပွတ်တံပေါ်တင်လိုက်တယ်။
Naoက မျက်လုံးတော့ မပွင့်သေး။" ပါးပါးတောင်းပန်ပါတယ် Nao ထပါတော့
အိပ်ယာနဲ့ ကင်းကွာသွားပြီး ပတ်၀န်းကျင်ကလည်း နည်းနည်းအေးစိမ့်လာတာကြောင့် Naoရဲ့ မျက်လုံးလေးတွေပွင့်လာပြီး လက်နဲ့ ပွတ်သပ်နေရှာတယ်
"နောက်ဆုံးတော့ Naoလေးနိုးလာပြီပဲ
မားမားမဟုတ်လဲ ပါးပါးနဲ့ပဲ အမြဲနေခဲ့ရတဲ့ Naoဟာ သိပ်တော့ ဂျီမကျတတ်ခဲ့
သူအလုပ်တစ်ဖက်နဲ့ ကလေးအတွက် ကျောင်းပို့ဖို့ ရုန်းကန်နေရင်း ဖြစ်သလို အိပ်ယာနှိုးလည်း ကြည်ဖြူစွာ မျက်နှာသစ်ခံသည်လေ ....
YOU ARE READING
Come To Me [Haruto×Asahi]
Romanceမင်းကို ငါချီးကျူးပါတယ် ဒီလောက်ထိစိတ်ရှည်သည်းခံပြီး ငါ့နားမှာ ရှိနေပေးခဲ့တဲ့အတွက်ပါ Haruto