အပိုင်း ၄

2.4K 293 2
                                    

Unicode ✍

ဒီနေ့က
'ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ'
အခမ်းအနားနေ့ဖြစ်သည်။
ပညာရေးစုံညီပွဲတော်ကတော့ ထားလိုက်ပါတော့။
ပညာရည်ချွန်ဆုပေးပွဲကတော့ မိနွယ်တို့လိုလူမျိုးနဲ့
လားလားမျှမသက်ဆိုင်ပါ။
ငယ်ငယ်တည်းကခုချိန်ထိ ဆုတက်ယူဖူးတာဆိုလို့တခါသာရှိဖူးသည်။
၄တန်းနှစ်က လွပ်လပ်ရေးနေ့အထိမ်းအမှတ်ပွဲမှာ
ကြက်ခွပ်ပြိုင်ရင်း ပထမဆုရခဲ့တာပါ။

မဆိုင်ဘူးဆိုသည့်တိုင် ပွဲတိုင်းကျော်မိနွယ်ကတော့
ခုံစီ၊အမှိုက်သိမ်း၊ဖျော်ဖြေပွဲများ နေရာစုံတွင် တက်ကြွစွာပါတတ်သူဖြစ်သည်။ ခိုင်းသမျှကိုလဲမငြီးမငြူဘဲဖင်ပေါ့စွာလုပ်တတ်သောမိနွယ်ပေ။ ပြီးလျှင်ဆုရသူများကိုလက်ခုပ်တီးကာ အားရပါးရလဲအားပေးတတ်ပါသည်။

ရွာလယ်ခန်းမမှာ လူများကတဖြေးဖြေးနဲ့နေရာအပြည့်ယူလာကြသည်။ စင်ရဲ့ရှေ့တည့်တည့် ထိပ်ဆုံးမှာ ကျောင်းအုပ်ကြီးနှင့်ဆရာ/မများ၊ ကျေးရွာဥက္ကဌနှင့် ရွာလူကြီးများခုံရှိပြီး ဘယ်ဘက်ခြမ်းတွင် ကျောင်းသား/သူများနှင့် ညာဘက်ခြမ်းတွင်ကျောင်းသားမိဘများနေရာယူထားကြသည်။

၁၀တန်းအမနှစ်ယောက်က အစီစဉ်တင်ဆက်ပြီး
ဆုပေးခြင်းကိုစတင်တော့သည်။
မိနွယ်ရဲ့သူငယ်ချင်းခက်တမာကတော့
တစ်ဆုပြီးတစ်ဆုတက်ယူနေရလေသည်မို့
သူ့အစားဂုဏ်ယူမဆုံးဖြစ်ရပြန်သည်။

'မမခက်တမာက တော်လိုက်တာနော် ရုပ်လဲချောတယ်စာလဲတော်တယ် အားကစားလဲတော်တယ်တဲ့
ငါ့မေမေက မမခက်တမာလိုမျိုးဖြစ်အောင်ကြိုးစားရမယ်လို့အမြဲပြောတယ်'

အရှေ့မှညီမလေးတစ်ယောက်ရဲ့ ချီးမွမ်းစကားများကြောင့် မိနွယ်ပြုံးလိုက်သည်။ ထိုညီမလေးဘေးမှကောင်မလေးကလဲ အားကျမခံထပ်ပြောလာပြန်သည်။

'ငါ့မေမေကရောဘာထူးလဲ ငါ့ကိုမမခက်တမာလိုသာဖြစ်ကြည့် နင့်ကိုရွှေချထားမယ်တဲ့'

ခက်တမာကအဲ့လိုအားလုံးက အားကျရသည့်စံပြကျောင်းသူပါ။ မိနွယ်လေဂုဏ်ယူလိုက်ရတာဆိုတာမပြောနှင့် ...ခက်ရဲ့မေမေသာဆိုဘယ်လောက်ဂုဏ်ယူလိုက်မလဲ။

သူငယ်ချင်းသို့ ( To Friend )Wo Geschichten leben. Entdecke jetzt