အပိုင်း ၅

2.3K 294 0
                                    

Unicode ✍

တရက်တရက်ပြီး တလပြီးတလ တနှစ်ပြီးတနှစ်
ခက်နဲ့အတူကုန်ဆုံးရတဲ့အချိန်တွေက ဘာကြောင့်ရယ်လို့အကြောင်းပြချက်ရေရေရာရာမရှိပါဘဲ ခက်နဲ့အတူရှိနေရတယ်ဆိုတဲ့ အသိကပင် မိနွယ်ကိုပျော်ရွှင်နေခဲ့စေသည်။

ကုန်လွန်လာသော နေ့ရက်တွေအချိန်တွေကသူတို့နှစ်ယောက်ကို သံယောဇဉ်ကြိုးတစ်ခုကိုချည်‌တွယ်စေခဲ့သည်။ ဆယ်တန်းနှစ်ရောက်လာသော မိနွယ်နဲ့ခက်တမာတို့ဟာ အရင်ကထက်ပို၍တတွဲတွဲရှိလာခဲ့ကြသည်။

သူငယ်ချင်းများက ခက်တမာကိုတစ်ယောက်ထဲတွေ့လျှင် မိနွယ်ရောဟုမေးတတ်ကြပြီး
မိနွယ်ကိုတစ်ယောက်ထဲတွေ့လျှင် ခက်တမာရောဟုမေးတတ်ကြသည်။
ထိုမျှအထိသူတို့နှစ်ယောက်ကိုတွဲကာမြင်လာကြတော့သည်။ ထိုသို့မေးခံရတိုင်းလဲမိနွယ်ပျော်နေတတ်ခဲ့သည်။ အားလုံးကမိနွယ်ကို ခက်တမာရဲ့တစ်ဦးတည်းသောအချစ်ဆုံးသူငယ်ချင်းဟုသတ်မှတ်ထားကြသည်တဲ့လေ။
ဒီအခြေအနေကိုမိနွယ်မှမပျော်ရင်ဘယ်သူပျော်လိမ့်မလဲ။ ခက်ကတော့ဒါမျိုးကိုဂုဏ်ယူစရာလို့သတ်မှတ်ပြီးပျော်မယ့်သူမျိုးမှမဟုတ်တာလေ။

မိနွယ်ကကျောင်းကို အိမ်ထက်ပိုခင်တွယ်နေတတ်သူမို့ အစောကြီးကျောင်းလာလေ့ရှိသူဖြစ်သည်။
တံမြတ်စည်းလှည်းကာ တင်ထားတဲ့ခုံတွေပြန်ချတော့တစ်တန်းတည်းသားဖြစ်သော အောင်သူကရောက်လာပြီး ထိုင်ခုံတွေကူချပေးသည်။
၇နာရီပင်မခွဲသေးတာမို့ အသင်းတာဝန်ကျသူများပင်မရောက်ကြသေး။

'မိနွယ်'

ခုံချနေရင်းမှ အောင်သူကသူ့နားသို့ကပ်ကာ တိုးတိုးလေးခေါ်လာသည်။

'ဘာလဲ'

အောင်သူပုံစံကမရဲတရဲဖြစ်နေကာ လက်ကိုရှေ့သို့ထုတ်ပေးသည်။ စာတစ်စောင်...။

အောင်သူက စာတော်သည့်ကျောင်းသားထဲမှာပါသည်။ ထို့အပြင်လိမ္မာသည်ဟုလည်းနာမည်ကြီးသည်။ ထိုကဲ့သို့သူမျိုးက စာပေးသည်တဲ့လား။
ဖြစ်တော့ဖြစ်နိုင်ပါသည်‌လေ။ဆယ်တန်းအရွယ်ဆိုတာ လူတိုင်းစိတ်ကစားတတ်ကြသည်ပင်။

'ဘာစာလဲ ဘယ်သူ့ကိုလဲ'

'ဟိုခက် ... ခက်တမာကိုပေးပေးပါလား နင်ကသူနဲ့ခင်တော့'

သူငယ်ချင်းသို့ ( To Friend )Where stories live. Discover now