အပိုင်း ၂၆

2.5K 263 1
                                    

Unicode ✍

သူတို့နှစ်ယောက် အိမ်ပြန်လာရာလမ်းတစ်လျှောက်တွင် အိမ်တိုင်းဆီမီးများထွန်းညှိထားကြပြီဖြစ်ရာ တလမ်းလုံး ဆီမီးဝါများဖြင့် ပနံတင့်နေလေသည်။

မိနွယ်တို့လည်း မြန်မြန်လမ်းလျှောက်ကာ အိမ်ပေါက်ဝတွင် အသင့်ပြင်ထားသော ဖယောင်းတိုင်ထုပ်နှင့် မီးခြစ်ကိုယူ၍ ခြံစီးရိုးတစ်လျှောက်ထွန်းကြသည်။

ဆိုင်ဝတွင်တော့ မီးပုံးလှလှလေးများကို ရောင်စုံချိတ်ဆွဲကာ အလှဆင်ကြသည်။ ဖြတ်သွားဖြတ်လာများက လမ်းတစ်လျှောက်မှိုလိုပေါက်နေလေသည်။

ကန်တော့ပစ္စည်းများကိုသယ်ကာ အဘတို့ဆီမသွားမီ ခက်တို့အိမ်ကိုအရင်ဝင်ရသည်။ ခက်တို့အိမ်ရှေ့ခြံစီးရိုးတစ်လျှောက်တွင်လည်း ဆီမီးဝါတို့ကို ထိန်ညီးစေပြီးမှ အဘတို့ရှိရာသို့ သွားကြမည်ဖြစ်သည်။

မိုးသည် အနည်းငယ်ချုပ်စပြုနေပြီဖြစ်သဖြင့် ရေဆိပ်လမ်းတွင် လူမရှိတော့။ ရွာတွင်း၌သာ လူစည်လေသည်။

'အဘရေ...မိနွယ်တို့ ရောက်လာပြီ'

သူ့အသံကြားတော့ ကိုကြီးသာတို့မိသားစုကထွက်ကြိုကြသည်။

'နောက်ကျတယ်မိနွယ် ငါကစိတ်ပူနေတာ'

တကယ်စိတ်ပူနေဟန်ရှိသော ကိုကြီးသာက တုံးတိသောစိုးရိမ်စကားကိုဆိုသည်။

ခါတိုင်းနှစ်တွင်လည်း မိနွယ်လာမှအတူကန်တော့ကြသဖြင့် စောင့်နေကြခြင်းဖြစ်သည်။ ဒီနှစ်ကတော့ ခါတိုင်းနှင့်မတူ။ ခက်တမာပါ ပါလေသည်။

'ဘာစိတ်ပူစရာရှိလဲ ကိုကြီးသာရဲ့ ဒီလမ်းတွေများ မိနွယ်မျက်စိမှိတ်လျှောက်ရင်တောင် ဒီကိုတန်းတန်းမတ်မတ်ရောက်တယ်'

'အေးပါ လာထိုင်ကြ ညီမခက်တမာရော လာလာ'

‌လယ်တောတဲအိမ်လေးတွင် လူစုံတက်စုံရှိနေကြလေသည်။ အဘ၊ မိနွယ်၊ခက်တမာ ၊ကိုကြီးသာ၊ ယောင်းမဆုမွန် နဲ့ကူးကူး။

အဘသည်တဲ၏မျက်နှာစာ ထိပ်ဘက်တွင်ထိုင်ကာ သူမတို့ငါးယောက်က အဘအားကန်တော့ကြသည်။ မျက်ရည်တို့ဝေ့သီနေသော အဘက ဆုကိုတော့ပီပီသသဖြင့် အများကြီးပေးလေသည်။

သူငယ်ချင်းသို့ ( To Friend )Donde viven las historias. Descúbrelo ahora