Unicode ✍
အနက်ရောင် သားရေစာအုပ်လေးကို ဖွင့်၍ခပ်ဖွဖွထိကိုင်လိုက်သည်။
ဒါကကိုးအုပ်မြောက်...။
ပထမလေးငါးခြောက်စောင်တုန်းက စာရွက်နှင့်ရေးပေမယ့် နောက်ပိုင်းစာအုပ်ဝယ်ကာ ရေးဖြစ်သည်။
ခက်တမာနှင့်ဝေးနေစဉ်အတောအတွင်း သူရေးခဲ့သော ဖတ်သူမဲ့တေးသွားအလင်္ကာများ။
ဒီနေ့တော့ သူမမှာရေးစရာတွေ အများကြီးရှိနေသည်။ မယုံနိုင်စရာကောင်းလောက်အောင်ပင် ကိုးနှစ်ကြာကွဲကွာနေသော ခက်ကိုပြန်တွေ့ခဲ့ရသည်။ယခင်ကရေးထားသောစာများကို ပြန်ဖတ်ကြည့်ဖြစ်တော့ ခက်အကြောင်းကနည်းနည်း သူ့အကြောင်းများသာ။ ဒီအတောအတွင်း ခက်အကြောင်း မိနွယ်မှဘာမှသိခွင့်မရှိခဲ့တာလေ။ ခက်လိုသူ့လက်ရေးတွေက မလှပေမယ့် လူဖတ်လို့တော့ရပါသည်။
ခက်က အရင်ထက်ပင်ပိုလှလာသည်။ ပို၍ဝမ်းသာစရာကောင်းသည်က ခက်ရဲ့ရည်မှန်းချက်ပန်းတိုင်ဖြစ်သော ဆရာဝန်မကြီးဖြစ်နေခဲ့ပြီ။ အရပ်ကမိနွယ်ထက်ခေါင်းတစ်လုံးနီးပါးပိုရှည်ကာ ကျက်သရှိစွာတင့်တယ်လှသည်။
မနေ့ကမိနွယ်မြင်ခဲ့ရသော ခက်တမာပုံရိပ်တို့ကိုချရေးမိသည်။ ထို့နောက်မိနွယ်ဘယ်လောက် ပျော်နေခဲ့ကြောင်းကိုရော..။
ဖုန်းကိုထုတ်ကာ အင်တာနက်လိုင်းဖွင့်ပြီး ခက်တမာပြောပြထားသော သူ့အကောင့်လေးကို ရှာကြည့်လိုက်သည်။
ခက်တမာကိုယ်တိုင်တင်ထားသော ကာဗာဖိုတိုလေးက ဂျူတီကုတ်လေးနှင့် နားကြပ်ကိုကိုင်ကာ အဖွားအိုတစ်ယောက်ကို စမ်းသပ်ပေးနေစဉ် တစ်ယောက်ယောက်မှရိုက်ထားပေးသော တစောင်းပုံလေးဖြစ်သည်။
ပရိုဖိုင်ကတော့ လူပုံမဟုတ်ဘဲ အဖြူရောင်ကြာပန်းလေးပုံဖြစ်သည်။ wallထဲဝင်ရှာကြည့်တော့ သူငယ်ချင်းတချို့Tagတွဲကာ တင်ထားသောပိုစ့်များတွင် ခက်ပုံတချို့တလေပါလာသည်။ ခက်ပါသောပုံများကို သူsave လိုက်သည်။ ခက်ကိုယ်တိုင်တင်ထားသည်များတော့ ကာဗာဖိုတိုနှင့် ပရိုဖိုင်ကလွဲမရှိ။
သူကြည့်နေတုန်းမှာ notificationမှာ ပေါ်လာသော friend request လေးကြောင့် ချက်ချင်းလိုက်ခံလိုက်သည်။ မိနွယ်အကောင့်nameက NEEM(တမာ) မို့ ခက်များတမျိုးထင်သွားမလား စိတ်ပူမိပြန်သည်။ မိနွယ်သည်ရုပ်ပုံလုံးဝမတင်ထား ။ ကဗျာများ၊ စာအုပ်များ ၊ ဗသုသုတများ၊ ရှုခင်းပုံများ၊ စက်ချုပ်ခြင်းနှင့်သက်ဆိုင်သည်များ သာတင်ထား၊ရှယ်ထားသည်။ မိနွယ်သည်စာရေးသူမို့ followersလည်း အတော်အသင့်ရှိသည်။
VOCÊ ESTÁ LENDO
သူငယ်ချင်းသို့ ( To Friend )
Romanceနင်လိုအပ်တဲ့အခါတိုင်း ငါ့နာမည်ကိုသာခေါ်လိုက် ရောက်တဲ့အရပ်ကနေ နင့်ဆီလာခဲ့မှာခက်ရဲ့... နွယ်နွယ်သာ အမြဲရှိနေပေးမှာလို့ပြောခဲ့တဲ့သူက အဝေးဆုံးကိုထွက်သွားလို့ရလား.... ခက်တမာ Unicode + Zawgi