အပိုင်း ၁၄

2.2K 268 2
                                    

Unicode✍

ခက်တမာ မွေးကထဲက၁၆နှစ်လုံးလုံးနေထိုင်ခဲ့ရာ အိမ်လေးကို အဝေးကနေ အတော်ကြာအောင်ငေးကြည့်နေမိသည်။ အိမ်ရဲ့ခြံစည်းရိုးအစပ်များတွင် ခြုံနွယ်များက လူတရပ်နီးပါးရှည်နေကြသည်ကိုမြင်ရသည်။

ခြံရှေ့မှ ဇွန်ပန်းရုံလေးကတော့ ရိုးရာမပျက် အနံ့သင်းသင်းမွှေးလေးတွေနဲ့ လူကိုဆီးကြိုရှာသည်။ ကွင်းစွပ်ထားသောကြိုးကိုဖယ်ပြီး ခြံတံခါးဖွင့်လိုက်တော့ မြက်ပင်လေးများကခြေချရာ နေရာအနှံ့။ လှေကားထစ်များကို ဖြတ်ကျော်ရင်း အိမ်ပေါ်အရောက်တွင် ဖေဖေနဲ့မေမေတို့ရဲ့နောက်ဆုံးပုံရိပ်များကို မြင်ယောင်လာမိသည်။

အိမ်ကိုတစ်ပတ်ပတ်ကြည့်လိုက်ပြီး ဖုန်အနည်းငယ်တက်နေသာ အိမ်ရှေ့ခန်းတွင်ခနထိုင်လိုက်ကာ နောက်ဆုံးအနေဖြင့်နှုတ်ဆက်လိုက်သည်။

'ဖေဖေနဲ့မေမေ သမီး ဒီရွာကနေထွက်သွားပြီး စာသွားသင်ရတော့မယ် ဘယ်နှစ်နှစ်နေမှပြန်လာဖြစ်မယ်ဆိုတာသမီးမသိဘူး ဖေဖေနဲ့မေမေ တနေ့သမီးဘဝကိုသမီးပိုင်တဲ့တနေ့တော့ ဒီအိမ်လေးကိုပြန်လာပြီး ဖေဖေမေမေတို့နဲ့အဖော်ပြုပေးပါ့မယ် အခုတော့သမီးနောက်ဆုံးအနေနဲ့လာနှုတ်ဆက်တာပါ ဖေဖေနဲ့မေမေကိုသမီးကန်တော့ခဲ့ပါတယ်'

အိမ်ရှေ့ခန်းတွင်ချိတ်ဆွဲထားသော ဖေဖေနဲ့မေမေပုံကိုရည်မှန်းကာ ဦးချလိုက်ပြီး နောက်ဆုံးအနေနဲ့အိမ်လေးကို တစ်ကြိမ်ထပ်ကြည့်ကာ အိမ်ပေါ်မှဆင်းလာလိုက်သည်။

ခက်တမာခြံတံခါးကိုပြန်ပိတ်လိုက်ကာ နှစ်ယောက်မရှိပါသော သူငယ်ချင်းကိုနှုတ်ဆက်ရန်ထွက်လာလိုက်သည်။ ခြေလှမ်းတွေကသွက်လက်ပေါ့ပါးလို့နေသည်။

ရွာပြင်ရေဆိပ်လမ်းလေးကိုလျှောက်လာရင်းမှ မိုးရွာကြီးထဲဒီလမ်းလေးကိုလာခဲ့ဖူးတာသတိရတော့ ပြုံးမိသေးသည်။ ကျွဲသိမ်းနွားသိမ်းချိန်ဖြစ်သဖြင့် လမ်းတစ်လျှောက်တွင် ကျွဲနွားများ၊လှည်းများကို မကြာခနတွေ့ကာရှောင်တမ်းရင်း ဦးတည်ရာနေရာလေးသို့ရောက်လာခဲ့သည်။

မိနွယ်က ဟိုးအရင်တခါကလိုပင် ခက်တမာကိုမမြင်။
ပန်းဒိန်ငိုများကို ရေဆေးကာ စိတ်ဝင်တစား အစည်းစီးနေလေသည်။ အခင်းထဲမှထွက်သောပန်းများကို ဈေးဒိုင်လက်အပ်ရန်ဖြစ်လိမ့်မည်။

သူငယ်ချင်းသို့ ( To Friend )Where stories live. Discover now