Unicode ✍
'ငါနင့်ကိုချစ်တယ်ခက်တမာ'
ညမနက် ၃နာရီရှိနေပြီဖြစ်သော်လည်း ခက်တမာတရေးမျှမအိပ်ရသေး။ နားထဲတွင် ညနေကမိနွယ်ပြောခဲ့သောစကားကိုသာ ထပ်ခါတလဲလဲကြားယောင်နေသည်။
သူကိုယ်တိုင် ဖွင့်ပြောရန်သတ္တိမရှိခဲ့သော အခြေအနေတွင် မိနွယ်ကရဲတင်းစွာပင် သူ့အားဖွင့်ဆိုခဲ့သည်။ ထို့နောက်...ခက်တမာသူ့နှုတ်ခမ်းကို ခပ်ဖွဖွထိတွေ့မိသည်။
'ငါ နင့် ကို ချစ် တယ် ခက် တ မာ'
သူမိနွယ်အား အံဩစွာကြည့်နေမိချိန်တွင် မိနွယ်သည်သူ့ရှေ့သို့တိုးကပ်လာခဲ့သည်။ သူ့ထက်အရပ်မြင့်သော ခက်ထံ ခြေဖျားထောက်ကာ နှုတ်ခမ်းတို့ဆီဖိကပ်လာသည်။
နူးညံသော အထိအတွေ့လေးအောက်တွင် ခက်တမာလေထဲလွင့်သွားသလိုခံစားရသည်။ လက်ရှိပတ်ဝန်းကျင်ကို မေ့သွားကာ တိမ်တွေပေါ်ရောက်နေတဲ့ခံစားမှုမျိုး။ ဘဝတွင်တခါမှ မခံစားဖူးသေးသော နူးညံ့ချိုမြိန်သော အရသာလေး။
ထိတွေ့ချိန်သည် စက္ကန့်ပိုင်းမျှသာကြာသော်လည်း လူ့သက်တမ်းတခုလောက်ပင် ကြားသွားသလိုလို။
'ငါနင့်ကိုသူငယ်ချင်းတစ်ယောက်ထပ်ပိုပြီး ချစ်မိနေပြီခက်...'
'ဘယ်ချိန်ကစပြီးတော့လဲဆိုတာတော့ငါမသိဘူး သေချာတာတော့ငါနင့်ကိုချစ်တယ်ဆိုတာပဲ ခက်...'
မိနွယ်သည် ဤမျှသတ္တိရှိပါသည်။
ဈေးဝင်းဘက်မှ ဈေးခင်းနေသူများ၏အသံများကို ကြားနေရချေပြီ။ အချိန်ကား မစောတော့ချေ။
ခက်တမာအိပ်ရာမှထကာ မျက်နှာသစ်ပြီးထမင်းအိုးတစ်လုံးတည်ထားလိုက်သည်။ ဈေးသို့သွားကာ ဟင်းတချို့နဲ့မနက်ခင်းစာ ဗိုက်ပြည့်သောမြန်မာမုန့်တချို့ကိုပါဝယ်လိုက်သည်။
အုပ်ဆောင်းဖြင့်သေချာအုပ်ကာ ခက်တမာအဝတ်အစားသစ်လှဲလှယ်ပြီးနောက် တစ်ဖက်ခန်းမှယုယသည်လည်း ထလာသည်။
'အစောကြီးပါလား ခက်မာ ဘယ်သွားမလို့လဲ'
'ဟိုဘက်ခနသွားမလို့ ယုယငါဈေးသွားခဲ့ပြီ အုပ်ဆောင်းထဲမှာ မုန့်ကြီးပေါင်းဝယ်ထားတယ် လက်ဖက်ရည်ရော'
YOU ARE READING
သူငယ်ချင်းသို့ ( To Friend )
רומנטיקהနင်လိုအပ်တဲ့အခါတိုင်း ငါ့နာမည်ကိုသာခေါ်လိုက် ရောက်တဲ့အရပ်ကနေ နင့်ဆီလာခဲ့မှာခက်ရဲ့... နွယ်နွယ်သာ အမြဲရှိနေပေးမှာလို့ပြောခဲ့တဲ့သူက အဝေးဆုံးကိုထွက်သွားလို့ရလား.... ခက်တမာ Unicode + Zawgi