အပိုင်း ၉

2.2K 249 0
                                    

Unicode✍

ညည်းအမေအသည်းအသန်ဖြစ်နေလို့တဲ့။
ဘာကိုအသည်းအသန်ဖြစ်ရမှာလဲ ညနေကဘုရားပန်းအိုးလှဲဖို့လာတုန်းကတောင် အကောင်းကြီးနဲ့စကားပြောနေသေးတာကို။ ဟင့်အင်း မဖြစ်နိုင်ဘူး။
ခက်တမာအတွေးများစွာက ဦးနှောက်ထဲတွင် ယောင့်ယက်ခတ်နေသော်လည်း ခြေလှမ်းတို့မှာ မြေကြီးပေါ်ကို အားသွန်ခွန်စိုက်ပြေးလွှားနေသည်။
နားထဲမှာ ဘေးအိမ်မှဦးတင်သန်းရဲ့ညည်းအမေအသည်းအသန်ဖြစ်နေလို့ဆိုသောစကားသံက နတ်ဆိုးထိုးသံလို ပဲ့တင်ထပ်ကာနေသည်။

လှေကားထစ်တို့ကိုမည်သို့မည်ပုံ ဖြတ်ကျော်လာသည်ကို ခက်တမာမသိ။ အိမ်ရှေ့ခန်းတွင် ကျန်းမာရေးမှူးနှင့်တကွ အိမ်နီးနားချင်းတချို့၊ လူကြီးပိုင်းတချို့ကိုပါတွေ့ရသည်။ အလယ်တွင်တော့ ....။

ခက်တမာမေမေ့ဘေးတွေ ဒူးတုပ်လေးထိုင်ကာ မေမေ့လက်‌တို့ကိုဆုပ်ကိုင်လိုက်သည်။ မေမေသည်အသက်ကို ခပ်ပြင်းပြင်းရှူကာ ရင်ဘတ်မှာနိမ့်ချည်မြင့်ချည်ဖြစ်နေသည်။ ဖေဖေကိုအားကိုးတကြီးလှမ်းကြည့်တော့ ဖေဖေကမျက်နှာကို တစ်ဖက်သို့လွှဲသွားသည်။ မဟုတ်ဘူးလေ မေမေကညနေကတင်အကောင်းကြီးရှိနေသေးတာကို။

'မေမေ မေမေသမီးပြောတာကြားရလား .. သမီးကိုမြင်လားဟင်'

ခက်တမာမေ့မေ့လက်ကို ဆုပ်ကိုင်ကာမေးတော့
မေမေက မျက်ခွံကိုအနည်းငယ်လှန်ကြည့်ပြီး ပြန်မှိတ်ကာ လေကိုခက်ခက်ခဲခဲရှူနေရသည်။ ကျေးရွာဆေးခန်းတွင် အောက်ဆီဂျင်ဘူးအလွယ်တကူမရှိ။
လမ်းပန်းဆက်သွယ်ရေးခက်ခဲသေးသော တောကျသောနေရာမျိုးတွင်မို့ မေမေအခုလိုခံစားနေရတာ။

ခက်တမာမျက်ရည်များတားဆီးမရ တာကျိုး၍စီးဆင်းလာသည့်နှယ်။ မျက်စိရှေ့တွင်မြင်နေရပါသော မေမေ့ပုံစံက သူမမမြင်ချင်ဆုံး၊ မမြင်ရက်ဆုံးသောပုံစံဖြစ်နေသည်။

ဒီအတောအတွင်း မေမေအခုလိုခံစားနေရတာတွေကို သူမသိခဲ့ဘူး။ အိမ်ပြန်လာသည့်အချိန်များတွင်လဲ ထမင်းစားသည်။ ပြီးလျှင် အခန်းတွင်းပြန်ဝင်ကာစာဖတ်နေသည်ကများသည်။ ဒီဇင်ဘာကျောင်းပိတ်ရက်တွင်မှ အိမ်ကပ်ဖြစ်ကာ မေမေနေသိပ်မကောင်းမှန်းသိရသည်။ သို့သော် အခုလောက်ဖြစ်နေမှန်းသူအမှန်တကယ်ပင်မသိခဲ့တာပါ။ သူမဟာတကယ်ကိုသမီးမိုက်ပါ။

သူငယ်ချင်းသို့ ( To Friend )Where stories live. Discover now