အပိုင်း ၆

2.4K 289 0
                                    

Unicode ✍

ညကျောင်းမတက်ခင် စောလာခဲ့ဆိုသောဆရာမနှင်းပွင့်ဖြူစကားကြောင့် မိနွယ်နဲ့ခက် ဆရာမ‌အဆောင်သို့ရောက်နေခြင်းဖြစ်သည်။

'လာခက်ရော မိနွယ်ရောထိုင် ဆရာမပြောစရာရှိလို့'

မကြာသေးခင်ကပထဝီဆရာမက ပြောင်းသွားတာကြောင့်အဆောင်မှာ ဆရာမပွင့်ဖြူ တစ်ယောက်သာရှိသည်။ အကြောင်းမှာလည်း ဒါပဲဖြစ်သည်။
ခက်ကဆရာမရဲ့အချစ်ဆုံးတပည့်ဖြစ်တာကြောင့် ညအိပ်ဖော်ခေါ်သည်။ တစ်ယောက်ထဲမပျင်းရအောင်ဆိုပြီး လယ်တောမှကျောင်းလာတက်သည့်မိနွယ်ကိုပါခေါ်သည်။ မိဘများကိုလည်းသေချာလိုက်ပြောပေးမည်တဲ့။ ညကိုတမင်သက်သက်လာကြိုစရာမလိုတော့ဘူးလေတဲ့ ။

မိနွယ်တို့ရွာကျောင်းမှာ ကျူရှင်ဆိုတာမျိုးမရှိ။
ဆယ်တန်းရောက်လျှင် ညကျောင်းဖွင့်သည်။တစ်နည်းအားဖြင့်campပေါ့။ ည၆နာရီမှ ၉နာရီအထိ အိမ်ရောက်သွားလျှင်စာမလုပ်ဖြစ်မည့်သူများအတွက်ပါ စဉ်းစားပေးသည့် စာကျက်တန်းဖြစ်သည်။
ရေမီးကိစ္စကိုတော့ ကျောင်းသားမိဘများကစီစဉ်ပေးရပြီး ဆရာ/မများကတော့ မေတ္တာဖြင့်စောင့်ပေး ‌သင်ပေးကြသည်။

ဆရာမခေါ်ပြောပြီး နောက်နေ့ကစလို့ မိနွယ်တို့ဆရာမပွင့်ဖြူဆီမှာလာနေရသည်။နေရောညပါပုံစံမျိုးဖြစ်သည်။ ကိုကြီးသာက‌နေ့လည် နှင့်ညနေများတွင် ထမင်းချိုင့်လာပို့ပေးသည်။ မနက်စာကိုတော့မုန့်ဖိုးပေးသည်။ ခက်ကထမင်းကိုသူ့အိမ်သူ ပြန်စားသည်။

ဆရာမအဆောင်တွင် မိနွယ်တို့လာနေသည်မှာ တစ်ပတ်ကြာပြီဖြစ်သည်။ ညကျောင်းကအပြန်တွင် စာကျက်နေရင်းမှ ဗိုက်ကတကြုတ်ကြုတ်နဲ့ဆာလာတော့သည်။ ညနေကလာပို့ထားသောချိုင့်မှာလဲ ရေဆေးပြီးမှောက်တောင်ထားပြီ။
ဒီနေ့မှ သရေစာမုန့်များလည်းမဝယ်ထားမိ။
စာလုပ်နေသောခက်ကို မနှောင့်ယှက်ချင်ပါသော်လည်း တစ်ယောက်ထဲကြိတ်ဖြေရှင်း၍ရသောကိစ္စမဟုတ်။

'ခက်နင် ဗိုက်မဆာဘူးလား'

Bio ပုံအညွှန်းများတပ်နေရာမှ ခက်တမာကလှည့်ကြည့်လို့လာသည်။

သူငယ်ချင်းသို့ ( To Friend )Where stories live. Discover now