အပိုင်း ၃၀

2.9K 261 3
                                    

Unicode ✍


ခက်တမာ မိနွယ်နှင့်အတူ မ‌န္တလေးသို့ လိုက်သွားရန်အားလုံးပြင်ဆင်ထားပြီးဖြစ်သည်။ သို့သော် ထိုနေ့မနက်မှ ဖွားလူနာက ဗိုက်တအားနာလာသဖြင့် စောမွေးပေးရမည့် လက္ခဏာဖြစ်နေသည်။

ထို့အပြင် လယ်ထဲမှာ မြွေပေါက်ခံရလို့ဆိုပြီး ရောက်လာသူအပြင်၊ ကလေး‌တစ်ယောက်ကြပ်လို့ဆိုပြီးပါ ထပ်ရောက်လာသဖြင့် ယုယတစ်ယောက်ထဲနှင့်ဘယ်လိုမှမနိုင်တော့။ ခက်တမာပါကူမှရမည်ဖြစ်သဖြင့် မိနွယ်နဲ့သူမလိုက်‌ပေးနိုင်တော့။

မိနွယ်ကတော့ သူတစ်ယောက်ထဲသွားနေကျ စိတ်မပူနဲ့လို့ပြောပြီး လိုင်းကားနှင့်မန္တလေးဆင်းသွားပြီ ဖြစ်သည်။

ဖွားလူနာသည် တစ်နေကုန်ဗိုက်နာနေပြီး မမွေးနိုင်ဖြစ်နေသည်။ ခွဲမွေးပေးဖို့ကိုလဲ ယောကျာ်းဖြစ်သူကလက်မခံ။ ညနေစောင်း ကလေးသံအဲ့အဲ့ကိုကြားရတော့မှ ခက်တမာတို့အားလုံး သက်ပျင်းချနိုင်လေတော့သည်။

ထိုအချိန်မှ အိမ်ပြန်ကာရေမိုးချိုးထမင်းစားရသည်။ မိနွယ်ကိုဖုန်းဆက်တော့ သူအားလုံးအဆင်ပြေတယ် ဆိုတာကြောင့် အနည်းငယ်တော့ စိတ်သက်သာသွားရ၏။

အိမ်မက်ဆိုးများသည် အဘွားဆီကပြန်လာပြီးကတည်းက ထပ်မမက်တော့။

အဘွားပေးထားသည့်အဆောင် ချည်ကြိုးလေးကိုတော့ ခက်တမာကိုယ်နှင့်မကွာဆောင်ထားဖြစ်သည်။ တစ်ခုခုအန္တရယ်ဆိုးကြုံလာမည် ဆိုလျှင်လည်း သူကိုယ်၌သာ ဖြစ်ပါရစေ။ သူချစ်တဲ့သူတွေကိုမခံစားရစေချင်။

သဘက်ခါမေမေဆုံးသည့် နှစ်ပတ်လည်နေ့ဖြစ်သဖြင့် ဘုန်းကြီးကျောင်းတွင် ဆွမ်းကပ်ရန်စီစဉ်ထားသည်။

နောက်တနေ့တွင်လဲ ထိုနည်းတူစွာပင် မိနွယ်က သူအားလုံးအဆင်ပြေကြောင်း နောက်နေ့ညနေကားနဲ့သူပြန်လိုက်လာမည်ဖြစ်ကြောင်းပြောသည်။

ယခုချိန်ထိတော့ အားလုံးက ပုံမှန်ဖြစ်ရိုးဖြစ်စဉ်များအတိုင်းသွားနေတုန်းပင်။

******

တနင်္လာနေ့မနက် ၁၀နာရီ။

မိနွယ် လက်ထဲမှစာမူများကို နောက်ဆုံးတစ်ခါစစ်ကာ အပ်ရမည့်နေရာသို့ထွက်လာလိုက်သည်။

သူငယ်ချင်းသို့ ( To Friend )Tahanan ng mga kuwento. Tumuklas ngayon