အပိုင်း ၇

2.4K 275 1
                                    

Unicode ✍

'မဂ်လာဆောင်တော့မယ်ဟုတ်လား ဘယ်တော့တဲ့လဲ'

'နောက်အပတ်တနင်္ဂနွေတဲ့ ဒီမှာအရင်ဆောင်မှာ ပြီးမှဆရာတို့ဘက်မှာသွားဆောင်မှာတဲ့'

'အဲ့တာကြောင့်ငါတို့ဘိုင်အိုဆရာကြီးက အခုတလောသဘောကောင်းပြီး စာသိပ်မမေးပါဘူးလို့ထင်နေတာဟဲဟဲ အဲ့လိုရှိနေတာကို'

ဘိုင်အိုသင်သော ဆရာထွဋ်နှင့် သူမတို့ရွာသူအလယ်တန်းပြဆရာမဒေါ်သက်ထားတို့ကြိုက်နေကြသည်ဆိုတာကို ဟိုပြောသည်ပြောနှင့်သူတို့ကြားဖူးနေသည်မှာကြာပြီ။ ဆရာကဒါကြောင့်ပဲ သည်ရွာမှာသောင်တင်နေသည်မှာကြာပြီ‌ဖြစ်သည်။အခုတော့မင်္ဂဆောင်ကြတော့မည်ဆိုတော့ ဝမ်းသာရသည်။

တခြားသူငယ်ချင်းတွေနဲ့စကားပြောနေရမှ စာအုပ်များသွားထပ်သောခက်ပြန်လာတာကိုတွေ့တာကြောင့် လက်ယက်ကာခေါ်လိုက်သည်။

'ခက် ငါတို့ဆရာထွဋ် လက်ထပ်တော့မယ်တဲ့'

'အေး ငါကြားတယ်'

'ဟင်ငါတောင်အခုမှသိတာကို ဘယ်လိုသိလာတာလဲ'

'နားခန်းထဲမှာဆရာမတွေပြောနေတာ ကြားခဲ့တာ'

ဘယ်လိုသိသိအရေးမကြီးသည့်အလုပ်ကို နောက်လှည့်ပြီး စကားများနေသောမိနွယ်အား ဆွဲလှည့်လိုက်ရသည်။ မိနွယ်ဆိုသည်မှာ
နည်းနည်းလေးအားသည်နှင့်စာမလုပ်ပဲ စကားများတော့သည်။ယခုလဲ မန်ကျည်းသီးတောင့်ကိုဆားနှင့်တို့ကာ စားနေရင်းမှစားအုံးမလားလို့ မေးလာပြန်သည်။
ဘယ်လောက်အချဉ်စားစား အိပ်ငိုက်သည်မှာလဲသူ့အပြင်မရှိ။
စာရေးခုံနဲ့ခေါင်းနဲ့ဆောင့်သည်အထိ ငိုက်တတ်သူ။

စကားမပြောရ‌လျှင်ခုံပေါ်မှောက်အိပ်သည်။
ဒါကတော့မိနွယ်တင်မဟုတ် တစ်တန်းလုံးပင်ဖြစ်သည်။ ဆရာမထွက်သည်နှင့် တစ်မိနစ်ရရ
နှစ်မိနစ်ရရ ခုံပေါ်မှောက်အိပ်ကြတော့သည်။
မြန်မာစာဆရာမပြောဖူးသည့် ဆယ်တန်းဆိုတာ
ငိုက်လို့အကောင်းဆုံးအတန်းဆိုတာကို လက်တွေ့ကျင့်သုံးနေကျသူများပင်။
ထိုအထဲတွင် ခက်တမာတော့မပါ။
ရည်မှန်းချက်ကြီးသူမို့ လုံ့လဝီရိယလဲအလွန်ကြီးပါသည်။
ရသည့်အချိန်တွင်စာကိုကြိုးစားလုပ်သည်။

သူငယ်ချင်းသို့ ( To Friend )Where stories live. Discover now