Unicode✍
မိနွယ် ရေချိုးသနပ်ခါးလိမ်းကာ ငါးဆင့်ချိုင့်တစ်ဖက်တောင်းတစ်ဖက်ကိုဆွဲရင်း ဆေးရုံဝင်းအတွင်းမှ အဆောင်လေးသို့ သွက်လက်စွာဝင်လာခဲ့လိုက်သည်။
'ခက်ရေ...ဒေါက်တာခက်တမာ'
'ဒေါက်တာ...'
သူမဖြစ်ချင်ခဲ့သော ဆရာဝန်မကြီးဖြစ်နေခဲ့တာမို့ မိနွယ်ဝမ်းသာရသဖြင့် တလေးတစားဒေါက်တာဟုထည့်ခေါ်မိသည်။ ခက်တမာကို ကိုယ့်ကြောင့်သူများတွေ အရိုအသေတန်တာများ မဖြစ်စေလို။
'မိနွယ်...ဝင်လာလေ'
ခက်တမာက အိမ်နေရင်း အင်္ကျီအပွလေးကို ချည်ချောလုံချည်ပြောင်လေးနှင့် တွဲဝတ်ထားကာ ခေါင်းလျှော်ပြီးကာစ ဆံပင်တို့ကို ဖြန်ချထားသည်။
'မိနွယ်ဟင်းလာပို့တာ ဒေါက်တာခက်တမာ'
'မိနွယ်ရယ် အရင်လိုပဲခေါ်စမ်းပါ လာထိုင် ညနေစာကအစောကြီးရှိသေးတာကို '
ခက်တမာက ဒေါက်တာလို့ခေါ်တာကိုငြင်းဆန်သည်။
'ငါနင့်ကို ဒေါက်တာလို့ခေါ်ချင်လို့ပါ နင်ကဒေါက်တာပဲလေ'
'မခေါ်ပါနဲ့ဆို မိနွယ် နင်နဲ့ငါကသူငယ်ချင်းတွေကို'
မိနွယ် ရီပြလိုက်ကာ ချိုင့်ကိုကြောင်အိမ်ဘေးက စားပွဲခုံပေါ်တွင်ချလိုက်သည်။ သရက်သီးများကိုတော့ ကြောင်အိမ်ထဲထည့်လိုက်သည်။ တချို့ကိုတော့ တခါထဲစားရန်ယူကာအခွံနွာလိုက်တော့သည်။
'ဒေါက်တာတို့အတွက် သရက်သီးမှည့်တွေယူလာတယ် ဆေးမသုံးထားဘူးနော် လုံးဝအပင်မှည့် '
'ဒါကပြောင်းဖူးပြုတ်'
'ဟိုဒေါက်တာယုယကကော...'
မိနွယ်တစ်ယောက်ထဲ စကားတွေရေပက်မဝင်အောင်ပြောနေသည်ကို ခက်တမာပြုံး၍သာကြည့်နေလိုက်သည်။
'ဒေါက်တာခက်တမာလို့ ဟိုဒေါက်တာကကောလို့'
ခက်တမာပြန်မဖြေ။
'ဒေါက်တာလို့ စကားပြန်ပြောပါအုံး'
'အင်း ဒေါက်တာလို့မခေါ်တော့ရင် ပြန်ပြောမယ်'
KAMU SEDANG MEMBACA
သူငယ်ချင်းသို့ ( To Friend )
Romansaနင်လိုအပ်တဲ့အခါတိုင်း ငါ့နာမည်ကိုသာခေါ်လိုက် ရောက်တဲ့အရပ်ကနေ နင့်ဆီလာခဲ့မှာခက်ရဲ့... နွယ်နွယ်သာ အမြဲရှိနေပေးမှာလို့ပြောခဲ့တဲ့သူက အဝေးဆုံးကိုထွက်သွားလို့ရလား.... ခက်တမာ Unicode + Zawgi