အပိုင်း ၂၉

2.6K 254 1
                                    

Unicode ✍

'ကျွန်မကျောင်းစရိတ်‌အတွက် ကူညီပေးခဲ့တယ်လို့ ဆရာမဆီကနေပြန်ကြားပါတယ်အဘ အဲ့တွက်လဲကျေးဇူးအများကြီးတင်ပါတယ်'

' အေးကွယ်...ဆရာမဒေါ်ပွင့်ဖြူရော နေကောင်းရဲ့လား'

'ဟုတ်ကဲ့ကောင်းပါတယ် အဘ'

'သမီးငယ်အတွက်လဲမစိုးရိမ်နဲ့ သူကိုယ်တိုင်ကိုက ကျောင်းမတက်ချင်ဘူးဆိုပြီး ပြောခဲ့တာ.. အခုလိုလူတော်တစ်ယောက်ကို ပျိုးထောင်ပေးခဲ့တဲ့ဆရာမကိုလဲ အဘတို့ကလေးစားပါတယ် လိုအပ်နေတဲ့သူအတွက် တစ်နေရာတစ်တပ်အားကူညီလိုက်ရလို့လဲ ကျေနပ်တယ် ...အဓိကကတော့ အဘသမီးပေါ့ သူကဒါကိုဖြစ်စေချင်တယ်ဆိုရင် မိဘတစ်ယောက်အနေနဲ့အဘက ရအောင်လုပ်ပေးမှာပဲ...ဒါကအဘရဲ့မေတ္တာပေါ့...အဲ့ကျောင်းစရိတ်ကိုလှူလိုက်ရလို့ မိနွယ်ကကျောင်းမတက်နိုင်တာမဟုတ်ဘူး သူသာတက်မယ်ဆို အဘကဘယ်နည်းနဲ့ဖြစ်ဖြစ်ရအောင်ထားမှာကို သမီးခက်တမာ ယုံတယ်မလား'

'ဟုတ်ကဲ့ ယုံပါတယ်အဘ'

'အေး အဲ့တာကြောင့် သမီးခက်ကစိတ်မကောင်းမဖြစ်နဲ့ မိနွယ်ကိုယ်တိုင်က ကျောင်းမတက်ချင်ခဲ့တာပါ'

အဘသည် ပညာမတတ်ဘူးလို့ မဆိုနိုင်လောက်ရအောင် ပါးနပ်လှသည်။ ပညာတတ်လူတော်တစ်ယောက်မဖြစ်ခဲ့ပေမယ့် အဘကလူကောင်းတစ်ယောက်ဆိုတာကိုတော့ ဘယ်သူ့ကိုမေးမေး သိကြပါလိမ့်မည်။

ဒါကြောင့် ဖေဖေဆုံးမဖူးခဲ့တာ လူတော်ဖြစ်နေလို့ပဲလဲမမြတ်ဘူး လူတော်လူကောင်းဖြစ်အောင်ကြိုးစားတဲ့။

ထို့ပြင်အဘက မိနွယ်ကိုပညာတတ်ပြီး နယ်ဝေးရပ်ဝေးမှာသွားနေရမယ့်အစား ယခုလိုမျက်စိရှေ့မှာရှိနေတာကိုပဲ သူမည်မျှစိတ်ချမ်းသားနေကြောင်းကို ပြောပြခဲ့သည်။

တဲအိမ်လေးထဲမှ ထွက်လာချိန်တွင် ခက်တမာစိတ်တို့လန်းဆန်းနေခဲ့သည်။

ဆုမွန်သည် သူမိနွယ်အားနှုတ်မဆက်ဘဲ ထွက်သွားချိန်က မစားမသောက်ဘဲ မည်မျှဝမ်းနည်းခဲ့ကြောင်းတို့ကို ပြောပြကာ သူ့ယောင်းမလေးအား စောင့်ရှောက်ပေးပါဟု မှာကြားသည်။

သူငယ်ချင်းသို့ ( To Friend )Where stories live. Discover now