Unicode✍
မိနွယ်နှင့် ခက်တမာတို့ အပတ်တိုင်းဖုန်းပြောဖြစ်ကြသည်မှာ တစ်လရှိပြီပင်။ တခါတလေ ၁ပတ်ကို ၂ခါဆက်သည်များလည်းရှိသည်။ ခက်တမာနှင့် ပုံမှန်ဖုန်းပြောရသော တနင်္ဂနွေနေ့ညများသည် အလွန်တရာမှ ကြည်နူးဖို့ကောင်းနေတတ်သည်။
ယနေ့သည် တနင်္ဂနွေနေ့ဖြစ်သဖြင့် ခက်တမာဆက်လာမည့် ဖုန်းကိုမျှော်နေမိသည်။ ၈နာရီဝန်းကျင်အချိန်များသည် ခက်တမာဖုန်းဆက်တတ်သော အချိန်များဖြစ်သည်။
ဟိုးကတည်းက မင်းရှိတယ် ဒီရင်ဘတ်ဘယ်ဘက်ခြမ်းမှာ နေရာယူ မင်းသာငါ့အချစ်ဦး ငါ့ချစ်သူ.....🎶
ဖုန်း ringtoneသံလေး မဆုံးခင်မှာပင် မိနွယ်အမြန်ကောက်ကိုင်လိုက်သည်။
'ဟလို ခက်...'
'အင်း မိနွယ် စာမရေးဘူးလား'
ခက်ရဲ့အနည်းငယ် ဩရှရှနိုင်သောအသံလေးသည် သာမန်မိန်းခလေးသံများနှင့်ခြားနားသည်။
'ညကျရင်ရေးဖြစ်မယ်ခက် ငါအခုတလော ဈာန်တွေဝင်နေတယ် '
'အင်း ... '
'ခက် နောက်လထဲမှာ ငါ့မွေးနေ့ရှိတယ် နင်မှတ်မိလား'
မိနွယ်သည် ခက်တမာထက်အသက်အားဖြင့် ၂လကြီးလေသည်။ သူမသည် ဇူလိုင်လ၏ပထမဆုံးအပတ်တွင်မွေးပြီး ခက်သည် စက်တင်ဘာလ၏ နောက်ဆုံးပတ်တွင်မွေးသည်။
'အင်းအဲ့တော့ '
'ဟဲဟဲ နင်များလက်ဆောင်ပေးချင်မလားလို့ပါ'
'နင်ကဘာလိုချင်လို့လဲ ပြောကြည့်လေ ငါတတ်နိုင်ရင်ဝယ်ပေးမယ်'
'စတာပါခက်ရာ ... ငါ့အတွက်ကနင်ရှိနေရင်ရပြီ'
မိနွယ်သည် စကားကို ဘာရယ်မဟုတ်ပြောလိုက်သော်လည်း တစ်ဖက်မှ တိတ်ဆိတ်သွားလေသည်။
ထို့ကြောင့် သူမစကားလမ်းကြောင်းလွဲရန် အမြန်စဉ်းစားလိုက်ရသည်။'ဟိုခက် ... နင်မှတ်မိလား ဘိုင်အိုသင်တဲ့ဆရာထွဋ်ကိုလေ'
'အင်းမှတ်မိတယ် ဘာလို့လဲ'
'ဘာမှမဟုတ်ပါဘူး ငါတို့်ဆယ်တန်းနှစ်က ဆရာမသက်ထားနဲ့ လက်ထက်သွားတာလေ အခုဆိုကလေးသုံးယောက်ရနေပြီဟ အငယ်ဆုံးလေးက ဟိုတလောကမှမွေးတာ မိန်းခလေးလေး ချစ်စရာလေး...'
DU LIEST GERADE
သူငယ်ချင်းသို့ ( To Friend )
Romantikနင်လိုအပ်တဲ့အခါတိုင်း ငါ့နာမည်ကိုသာခေါ်လိုက် ရောက်တဲ့အရပ်ကနေ နင့်ဆီလာခဲ့မှာခက်ရဲ့... နွယ်နွယ်သာ အမြဲရှိနေပေးမှာလို့ပြောခဲ့တဲ့သူက အဝေးဆုံးကိုထွက်သွားလို့ရလား.... ခက်တမာ Unicode + Zawgi