Part-1

816 34 0
                                    

Unicode

မောင် ငါမင်းကိုမုန်းချင်လိုက်တာ
ဒါပေမယ့်လည်းမမုန်းရက်ဘူးမောင်ရယ်
မောင် ဘာဘဲလုပ်လုပ်..အပြစ်မမြင်ရက်တာ..
ငါ့ရဲ့တစ်ခုထဲသောအားနည်းချက်ဖြစ်နေမိတာကိုး
တစ်ခုတော့သိချင်မိတယ် မောင်..
တွဲလာတဲ့တစ်‌လျှောက် မောင်ငါ့အပေါ်
တကယ်ချစ်ခဲ့ဖူးလား..

‌"..ဟန်နီ.."

လူကြားထဲ အရေးတကြီး အပြေးလာတဲ့
မောင့်ကြောင့် Win အနည်းငယ်
တွန့်ဆုတ်သွားမိသည်..

"..မောင် အလောတကြီး ဘာဖြစ်လာတာလည်း..."

"..မောင် လေ မောင်..ဟို ဟိုဟာလုပ်ချင်နေတယ်.."

"..ဘယ်လို..မဖြစ်ဘူးလေ မောင်ရဲ့..ကျောင်းတက်တော့မှာလေ..
ဟန်နီလည်း..အတန်းတက်ရအုန်းမှာ မောင်ရဲ့.."

"..ဟန်နီ မောင့်ကိုမချစ်ဘူး.."

ဆူပုတ်ပုတ်နဲ့ ပြောလိုက်တဲ့
မောင့်ကြောင့် Winမျက်ခုံးများကို
အနည်းငယ်ကြုံလိုက်ရင်း..

"..မောင် ဘယ်လိုပြောလိုက်တာလည်း.."

"..ဟုတ်တယ်..ဟန်နီမောင့်ကို မချစ်ဘူး.."

"..မောင် လိုအပ်တာကို မလုပ်ပေးတာနဲ့ဘဲ ဟန်နီက မောင့်ကိုမချစ်ဘူးလို့ဘယ်လိုများ တွေးပစ်လိုက်ရတာလည်း မောင်.."

"..ဟန်နီသာ မောင့်ကိုချစ်ရင် မောင်လိုအပ်တာ မောင်လိုချင်တဲ့အရာကို..လိုက်လျောပေးရမှာပေါ့.."

"..သိတယ် လက်ခံတယ်မောင်..ဟန်နီလည်း မောင့်ကို ကူညီပေးချင်ပေမယ့် အတန်းချိန်ကြီးနဲ့လေ မောင်ရာ..ဟန်နီ့ ကိုမရစ်ပါနဲ့.."

"..ရတယ် ဟန်နီ တက်ချင်သပဆိုလည်း သွားတက်..မောင်လည်းတွေ့ရာသူနဲ့..အတူနေပစ်လိုက်မယ်.."

"..မောင့်.."

Win..အသံကျယ်သွားတာကြောင့်..
Bright..ဘေးနားသူတွေမသိခင်..
Winနှုတ်ခမ်းကိုအမြန်ပိတ်လိုက်ရသည်..

"..ဟန်နီ..ဘာလို့အော်ကြီးဟစ်ကျယ် လုပ်ရတာလည်း..မောင်နဲ့ဟန်နီတွဲတာ တစ်ခြားသူတွေ မသိစေချင်ဘူးလို့ မောင်ပြောထားတယ်မလား.."

"..ဆောတီး မောင်..ဟန်နီ..လွန်သွားတယ်.."

"..ထားတော့..မောင်သွားတော့မယ်.."

(my)BRIGHT (ONGOING)Where stories live. Discover now