Part-12

199 20 2
                                    

Unicode

"..ဟန်နီ ဟန်နီ.."

မေ့လဲသွားတဲ့ဟန်နီကြောင့်..
လူကပြာခနဲ..ခေါင်းထဲမှာလည်းပူထူသွားရသည်..
ဟန်နီ့ကိုယ်လေးကို အသာမချီပြီး..အိမ်ထဲသို့သာ
၀င်ခဲ့ရတော့သည်..

ဟန်နီ့ကိုယ်ကိုစမ်းကြည့်တော့ပူကျစ်တောက်နေတာဘဲ
အ၀တ်စကိုခုမှသတိထားကိုင်ကြည့်မိတာ..
စိုနေသေးတာဘဲ..အဲ့တာဆိုဟန်နီညနေက..
ခုနက ကျွန်တော်သွေးပူပြီး ဟန်နီ့ကိုပြောချင်တာ
တွေစွတ်ပြောနေခဲ့တာ..ဟန်နီဘာဖြစ်ခဲ့လည်း
ဆိုတာတောင် ကျွန်တော်တစ်ချက်မမေးခဲ့ဘူး..
မောင် က တကယ်မကောင်းတဲ့သူဘဲနော်
ဟန်နီ..ဟန်နီမို့မောင့်လိုလူကိုသည်းခံရက်တယ်..

"..ဟန်နီ.."

"..hmm..အ အရမ်းချမ်းတယ်.."

ဟန်နီကချမ်းနေတာကြောင့်..
ကျွန်တော် အင်္ကျီတွေကိုချွတ်ဖို့ရာပြင်ရတော့သည်..
နေပါအုန်း..ကျွန်တော်ဟန်နီ့ကိုအင်္ကျီလဲဖို့ရာတွန့်ဆုတ်
နေရတာလား?? ကျစ်..အချိန်ထပ်ဆွဲရင်..
ဟန်နီ ပိုပြီးဆိုးသွားမှာ ဆိုးတာကြောင့်
ဟန်နီ့ အင်္ကျီများကိုအမြန်ချွတ်ပြီး လဲပေး
လိုက်ရတော့သည်...

"..ဟန်နီ.."

"..မောင်..ဟန်နီအရမ်းချမ်းတယ်..ဟင့်..မောင်...အဟင့်.."

"..မငိုပါနဲ့ ဟန်နီရာ..မောင်ရှိတယ်နော်..မောင်ဟန်နီ့အနားမှာ..ရှိနေတယ်.."

Brightဟန်နီရဲ့ခါးသွယ်သွယ်လေးကို
ဆွဲကိုင်လိုက်ကာမိမိဘက်သို့အသာဆွဲယူ
လိုက်ပြီး..ခါးသွယ်သွယ်‌လေးကိုတင်းနေအောင်
ဖက်ထားမိသည်..

"..မောင် ဟန်နီ့ကိုချစ်မိနေပြီ.."

Brightဟန်နီ့ရဲ့နဖူးပြင်ထက်အနမ်း
တစ်ခုခြွေလိုက်ရင်း..ကုတင်ထက်မှ
အသာထကာ..ဆရာ၀န်ပင့်ရတော့သည်..

"..လူနာက မိုးမိတာကြောင့်ဖျားတာပါ..ပြီးတော့သူ..အားလည်းနည်းနေသေးတယ်ဗျ..ဂရုစိုက်ပေးပေါ့ဗျာ.."

"..ဟုတ်ကဲ့ဆရာ..တခြားစိတ်ပူစရာကိစ္စမျိုးတွေတော့မရှိဘူးမလားဆရာ.."

"..မရှိပါဘူးဗျ..ကျွန်တော် ပေးထားတဲ့ဆေးတွေကိုသာပုံမှန်တိုက်ပေးပါ.."

(my)BRIGHT (ONGOING)Donde viven las historias. Descúbrelo ahora