Unicode
"..အကိုရယ် အရမ်းနာသွားလားဟင်.."
Kelvin အကို့နားကိုအမြန်သွားလိုက်ပြီး
မျက်နှာကိုအသာကိုင်မိသည်.."..ရတယ်..အကိုဘာမှမဖြစ်ဘူး..အကို Kelvinနဲ့အတူနေရမယ်
ဆိုတာ Kelvinသိပြီသားလား..""..ဟို..ကျွန် ကျွန်တော်လည်း ဒီနေ့မှ သိရတာပါအကို..ကျွန်တော်နဲ့နေရမှာ မကြိုက်လို့လားဟင်.."
"..အဲ့လိုတော့မဟုတ်ပေမယ့်..ခုလိုမျိုးအတူနေခိုင်းတာတော့သိပ်
မဟုတ်သေးဘူးလေကွာ..""..အကို ဒီလိုမျိုးခဏခဏပျောက်တော့..အန်ကယ်ဖေဖေက..
စိတ်ပူလို့နေမှာပါ..ကျွန်တော့်ကိုလည်း စောင့်ရှောက်ပေးလို့ရအောင်နေခိုင်းတာနေမှာပါအကိုရယ်..စိတ်ကိုလျော့လိုက်ပါနော်..""..အင်း အခုချိန်မှ ပေါက်ကွဲတော့ရော..ဘာရမှာလည်း အဖေ
ကသူ့စိတ်ကြိုက်အကုန်လုပ်ပြီးနေပြီဘဲ.."Brightသက်ပြင်းတစ်ချက်ချလိုက်ပြီး..
အပေါ်အခန်းရှိရာဆီသို့သာတက်လာခဲ့
လိုက်သည်..
အခန်းထဲရောက်မှ..ကုတင်ပေါ်ဝုန်းခနဲ
ထိုင်ချကာ..သက်ပြင်းရှည်ကြီးတစ်ချက်ကို
ချမိပြန်သည်..
ဟန်နီနဲ့ အဆင်ပြေလို့ပျော်နေမိတုန်းရှိသေး..
အဖေက ဘာတွေစီစဉ်မှန်းမသိ..စီစဉ်နေသည်..
Kelvinကိုကျွန်တော်အရင်က ခံစားချက်ရှိခဲ့
ပါသည်..ဒါပေမယ့် အခုက..ကျွန်တော်လည်း..
သဘောကျတော့တာမှမဟုတ်တာဘဲ..
သူ့ဟာသူနေတဲ့ကလေးကို..စိတ်ရှုပ်အောင်
အဖေဟာလုပ်နေပြန်ပြီ..ကျွန်တော်ခေါင်းကိုခါချပစ်ပြီး..ကုတင်ထက်
လှဲမိသည်..သက်ပြင်းများအကြိမ်ကြိမ်ချမိသည်..
လေပူများအကြိမ်ကြိမ်မှုတ်ထုတ်မိသည်.."..Khao..၀င်လေ.."
"..အေး မင်းလည်းနော်..တစ်ဆိတ်ရှိ ဖျားမယ် နားမယ်..ဒါဘဲ
တက်တယ်..""..မင်းကလည်း..ငါ့ဆိုပြောဖို့ဘဲ.."
"..ရော့..အဲ့မယ်..ဆန်ပြုတ်ပူပူလေး အ့တာမစားချင်ရင်..
မြီးရှည် စပ်စပ်ကလေး ၀ယ်လာတယ် စားလိုက်..ချွေးတွေပါ
ထွက်သွားအောင်..""..ငါနေကောင်းနေပါပြီမင်းကလည်း.."
"..မင်းကောင်းလည်း ငါမကောင်းဘူး..ဘယ့်နှယ့်..အားအားယား
ယားဒီလောက်မိုးသဲနေတာကို ရှည်ပြီး သွားထိုင်တာ..နည်းတောင်နည်းသေး..ဒီထက်ပိုဖြစ်ရမှာ.."
![](https://img.wattpad.com/cover/285254162-288-k704800.jpg)