Part-21

614 31 4
                                    

Unicode

"..အတွင်းရေးမှူးd ဘာကိစ္စလည်း.."

"..သူဌေးစုံစမ်းခိုင်းထားတာတွေကျွန်တော်စုံစမ်းပြီးပါပြီ.."

"..အဲ့သလောက်မြန်လားကွ.."

"..ဟုတ်ကဲ့ စုံစမ်းဆရာ အများကြီးတော့မရှိလို့ပါ.."

"..အေးကွာ..ပြောပါအုန်း အဲ့ကောင်လေးနဲ့ပတ်သက်တဲ့ကိစ္စ.."

"..ဟုတ်ကဲ့..ကောင်လေးနာမည်က.. Winmetawin Opas-iamkajornလို့ခေါ်ပါတယ်..သူဌေးရဲ့သားနဲ့silentသဘောမျိုးတွဲနေတာလို့လည်းကျွန်တော်စုံစမ်းသလောက်သိရပါတယ်ဗျ.."

"..အေး ဆက်ပြော.."

"..‌ဟုတ်ကဲ့သူဌေး..ကောင်လေးက ငယ်ငယ်ထဲကအဒေါ်နဲ့နေခဲ့တာပါ..ကောင်လေးရဲ့မိဘတွေကတော့..တချို့သူတွေကသေပြီလို့လည်းပြောကြတယ်..တစ်ချို့သူတွေကလည်း ကောင်လေးကို
စွန့်ပစ်သွားကြတယ်လို့ပြောပါတယ်..ကျောင်းတက်တဲ့စရိတ်ကလည်း..အဒေါ် ကသူ့အတွက် စုဆောင်းပေးထားတဲ့..အမွေလေး
တွေကြောင့်လို့လည်း သိရပါတယ် သူဌေး..ပြီးတော့သူငယ်ချင်း
လည်းကျွန်တော်ကြားရသလောက်တော့များများစားစားမရှိဘူး
လို့ပြောကြတယ်ဗျ.."

"..အေး..ကျေးဇူး..မင်းတာ၀န်ကျေတယ်.."

"..ဟုတ်ကဲ့ သူဌေး အဲ့တာဆို..ကျွန်တော့်ကို သွားခွင့်ပြုပါအုန်း.."

"..ကောင်းပြီ..အော် ရော့ ရှေ့မှာ မင်းတာ၀န်ကျေခဲ့လို့ဆုချတာ.."

"..ကျေး ကျေးဇူးအများကြီးတင်ပါတယ် သူဌေး.."

Brightမှာ အင်္ကျီလဲနေသည့်ဟန်နီ့ကို
မေးထောက်ရင်းသာကြည့်နေသည်..
ဟန်နီက တစ်ချက်တစ်ချက်လှည့်ကြည့်
လာပြီး နှုတ်ခမ်းလေးဆူပြလို့လာသည်..

"..မောင်ဘယ်လိုဖြစ်နေတာလည်းကွာ..ဟန်နီအ၀တ်လဲနေတယ်လေ.."

"..အင်းသိတယ်လေ..ကြည့်ချင်လို့ကြည့်တာ.."

"..မောင်က နှာဗူးဘဲ.."

Brightဟက်ခနဲအသံထွက်အောင်ရယ်
လိုက်သည်..ဟန်နီပြောတာလည်း ဟုတ်ပါရဲ့..
ကျွန်တော်ကလည်း..ကြည့်ချင်နေတာကို
ဘယ်တက်နိုင်ပါ့မလည်း..

ဟန်နီ အ၀တ်စားလဲလို့ပြီးတော့..
တယောက်အိပ်ကုတင်ထက်..ထိုင်ချ
လိုက်ရင်း..ကျွန်တော့်ကိုကြည့်လာသည်..
အမွှေးနံ့သိပ်မသုံးတက်တဲ့..ဟန်နီ့ရဲ့
ကိုယ်သင်းနံ့လေးကို ကျွန်တော်နှစ်သက်မိ
ပါသည်..ဟန်နီ့ရဲ့..လည်ပင်းလေးကို တစ်ချက်
နမ်းရှုံ့လိုက်မိသည်..

(my)BRIGHT (ONGOING)Where stories live. Discover now