Unicode
နေ့လည်ခင်းထမင်းစားချိန် ကန်တင်းသို့..
Khaoတို့နဲ့အဖော်လိုက်လာခဲ့လိုက်သည်..
ကန်တင်းမှာမောင့်ကိုတွေ့သော်လည်း
မတွေ့ချင်ယောင်သာဆောင်မိသည်..
ဒီအချိန်မောင့်မျက်နှာကိုမြင်ရင်
ကျွန်တော်ပိုပြီး ခံစားရမှာစိုးတယ်..ဟန်နီ့ကိုမြင်လို့ပြုံးပြမယ်ရှိသေး..
မမြင်ချင်ယောင်ဆောင်သွားတဲ့ဟန်နီ
ကြောင့်..မျက်ခုံးများတွန့်ချိုးမိသည်.."..ဟေ့ရောင်..ဘာဖြစ်နေတာလည်း.."
"..အင်း..ဘာမှမဖြစ်ဘူး.."
"..ဟုတ်လို့လားကွာ..မင်းမျက်ခုံးတွေလည်း တွန့်ချိုးနေလိုက်တာဆိုတာ.."
"..အင်း..ဘာမှမဖြစ်ပါဘူး.."
"..ဒါနဲ့ အကို Winနဲ့မင်းအခြေနေဘယ်လိုလည်း.."
Brightတစ်ချက်ပြုံးသည်..
Dewရော Naniပါ မှင်သက်သွားမိသည်.."..ဝါး မင်းဒီလိုမပြုံးတာကြာပြီဘဲ.."
"..မင်းတို့ကလည်းကွာ..ပြုံးတာဘဲ အထူးအဆန်းကြီးလိုလာပြောနေတာ.."
"..ဒီအပြုံးမျိုးဆိုး အဆင်ပြေနေပြီထင်တယ်..Naniရေ.."
"..အင်း ဖြစ်နိုင်တယ်.."
"..သိရင်လည်းဘာလို့လာမေးနေသေးတာလည်း.."
Brightသူငယ်ချင်းဖြစ်သူများနဲ့စကားပြောရင်း
ဟန်နီ့ဘက်သို့တစ်ချက်ကြည့်မိသည်..
ဟန်နီက ကျွန်တော့်ကို ကြည့်နေခဲ့တာပါ..
ကျွန်တော်ပြန်ကြည့်တော့ မမြင်ချင်ယောင်
ဆောင်ပြီး ထမင်းကိုသာဆက်စားနေသည်..
ဟန်နီဘာဖြစ်နေမှန်းမသိပေမယ့်..
အဲ့လိုကြီးနေတာကိုတော့ကျွန်တော်သဘောမကျမိတာ
အမှန်ပင်.."..အကို.."
ဘယ်တုန်းကရောက်နေမှန်းမသိတဲ့..
Kelvinခေါ်သံကြောင့်.."..အင်း.."
"..ကျွန်တော်အကိုနဲ့ထမင်းအတူလာစားတာ..အာ..ပြီးတော့..
အကိုသိပြီးပြီလား.."Brightကဘာကိုလည်းဆိုတဲ့သဘောနဲ့..
ကြည့်လိုက်တော့.."..အန်ကယ်ဖေဖေက ဒီညထမင်းစားခေါ်ထားတယ်အကို..
ကျွန်တော်တို့မိသားစုနဲ့ အကိုတို့နဲ့ အတူ ညစာစားကြမယ်တဲ့.."