Part-8

227 22 0
                                    

Unicode

Bright..ဒယ်ဒီခိုင်းတဲ့အတိုင်း
Kelvinတိုက်ခန်းကိုလာရတော့သည်..

"အော် အကို Brightတောင်ရောက်လာပြီဘဲ.."

"..အင်း..နေမကောင်းလို့ဆို.."

"..ဟုတ်တယ် ခရီးပန်းတာရယ်အလယ်လွန်သွားတယ်ရယ်ရောပြီးဖျားတာ.."

"..အော် အဲ့တာများ ဆေးတစ်လုံးသောက်ပြီး အိပ်လိုက်ရောပေါ့.."

"..ဟီး ကျွန်တော်လည်း တစ်ယောက်ထဲနေရမှာကြောက်လို့..ပြီးတော့ ဖေဖေတို့..ကလည်းမလာနိုင်ဘူးတဲ့လေ..အဲ့တာနဲ့ဦးလေးကိုပြောလိုက်ရတာ ဟီး.."

"..အင်းပါ အဲ့တာဆိုလည်း ဆေးသောက်ပြီးအိပ်လိုက်တော့အကိုစောင့်ပေးမယ်.."

Brightပြောလက်စနဲ့..
ထိုင်ခုံပေါ်၀င်ထိုင်လိုက်သည်...

"..အကို ကျွန်တော့်ကို စိမ်းသွားသလိုဘဲနော်..ဘာဖြစ်လို့လည်း
မတွေ့ရတာကြာသွားလို့လား??"

"..အဲ့လိုတော့မဟုတ်ပါဘူး..အကိုက စကားနည်းတာပါ.."

"..ဟုတ်လား..အရင်ကဆို အကိုက စကားအရမ်းပြောတာနော်..
ကျွန်တော်ကတောင် တော်ပါတော့လို့ပြောယူရတဲ့အထိဘဲ.."

"..အော် ဟုတ်လား.."

Brightကိုယ်တိုင်လည်းနားမလည်နိုင်ပါ
Kelvinက ဘာလို့ပြီးသွားတဲ့ကိစ္စတွေကို
ပြန်ပြီးအစဖော်နေရတာလည်း??

"..ဟေ့ရောင်.."

Winလမ်းကိုယိုင်တိယိုင်တိုင်‌နဲ့
လျှောက်လာလိုက်တာ..
Khaoကိုတွေ့မှ..ချက်ခြင်းမျက်နှာကို
ပုံစံပြောင်းလိုက်ပြီး..

"..ဘာလာလုပ်တာလည်း.."

"..မင်း အိမ်ကိုလာတာဘဲ ငါကခွင့်ပြုချက်တောင်းရအုန်းမှာလား..ချီးကောင်..ရော့..ဖေဖေနဲ့မေမေက မင်းအတွက်မွေးနေ့
လက်ဆောင်တဲ့.."

"..အာ ကျေးဇူးဘဲ..ဖေဖေနဲ့မေမေကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောပေးအုန်း.."

"..အေးပါ.."

Khao..မိမိသူငယ်ချင်းမျက်နှာကို
အကဲခတ်ကြည့်တေ့ာ..
သူတစ်ခုခုဖြစ်နေဟန်ပေါ်တာကြောင့်..

"..ဟေ့ရောင်..မင်းတစ်ခုခုဖြစ်လာတာလား.."

"..ဟမ်..ဘာ ဘာမှမဖြစ်ပါဘူးဟ.."

(my)BRIGHT (ONGOING)Where stories live. Discover now