Unicode
"..အကို့.."
ကျွန်တော်တို့ ကန်တင်းထိုင်နေတုန်း..
ရောက်လာတဲ့.. Kelvinကြောင့်..
အားလုံးရဲ့မျက်လုံးကKelvinဆီတစ်ချက်
ပို့လိုက်ကြသည်..."..အော် အကိုတို့လည်းရှိနေတာလား.."
Kelvinက Brightလက်ကိုကိုင်ထားရင်း
ပင်..."..ကျွန်တော်လည်း ဒီမှာဘဲစားမယ်နော် အကိုတို့..အန်ကယ်ဖေဖေကအကို့နားမှာဘဲနေလို့ပြောထားတယ်..ဟီးဟီး.."
"..အော် အင်း.."
"..အကို Dewက ဟိုဘက်ကိုရွှေ့ပေးပါလား.. Kelvinအကို
Brightနားမှာထိုင်မလို့.."Dewနဲ့Naniရန်ဖြစ်ထားတာကြောင့်..
Brightနားမှာ Dewလာထိုင်နေရခြင်း
ဖြစ်သည်..
အခုKelvinကျေးဇူးနဲ့..ပြန်တည့်တော့မယ်
ထင်ပါရဲ့.."..အကို Dew..ကျွန်တော်ပြောတာမကြားဖူးလားလို့.."
"..အော် ကြားတယ်..ရွှေ့ရွှေ့ပေးမယ်.."
Dew.. Brightနားကထပြီး..
Naniနားကိုသွားထိုင်သည်.."..အကိုတို့ကြည့်ရတာတမျိုးဘဲ..မခေါ်ကြဘူးလား.."
"..သူတို့နည်းနည်းစကားများထားကြရုံပါ.. Kelvinရောထမင်း
စားမလို့လာတာမလား..မှာစားလေ..ဒါနဲ့..ပထမဆုံးနေ့မှာဘယ်လိုလည်း သူငယ်ချင်းတွေရော ရပြီလား..""..ဟုတ် ရနေပြီအကို..ကန်တင်းကြတော့ အကိုနဲ့တူတူစားမှာမို့
မခေါ်ခဲ့လိုက်တော့တာ..""..အော် အင်း.."
Winဟိုဘက်ဝိုင်းကိုကြည့်နေရင်း
မျက်ရည်ကဝဲလာရပြန်သည်.."..ငါ ငါအရင် ထတော့မယ်နော်.."
"..ဟ..မင်းဘာမှလည်း စားရသေးတာမမဟုတ်တာဘဲ..ငါတို့ကို
အားနာလို့ထသွားတာဆိုရင်တော့ ပြန်ထိုင်လိုက်နော်..ငါတို့ကြားမှာ
အားနာစရာတွေမလိုဘူး..""..အဲ့လိုမဟုတ်ပါဘူးကွ..ငါဒီတိုင်းမစားချင်တော့လို့..သွားတော့မယ်.."
Khaoလက်ကို..ဖယ်ချပြီး..ကန်တင်း
ကအမြန်ထွက်လာခဲ့လိုက်သည်..
အဲ့နားမှာဆက်ထိုင်ပြီး..မောင်နဲ့အဲ့ကောင်
လေးကြည်နူးနေကြတာကို ကြည့်နိုင်ဖို့အထိ
ကျွန်တော် သမာဓိအားမကောင်းဘူး..
မောင်တော်ပါတယ် ကျွန်တော့်ကို
အနာပေးလိုက်ဆေးပေးလိုက်..
မောင်အရမ်းကိုတော်တယ်..