Part-4

248 26 0
                                        

Unicode

Winနာနေတဲ့တင်ပါးအဆုံကို
ထိန်းကိုင်ရင်းဘောလုံးကွင်းအလယ်သို့
လျှောက်လာခဲ့လိုက်သည်..

တီချယ်ခိုင်းတဲ့အတိုင်းမလုပ်ဘဲနေလို့
လည်းမရ..တီချယ်ကအခန်းပြတင်း
ပေါက်ဘက်ကနေစောင့်ကြည့်နေသည်

ကျွန်တော်မဆိုင်းငံ့နေတော့ဘဲ
ဘောလုံးကွင်းလယ်တွင် ဒူးထောက်ဖို့
သာပြင်ရတော့သည်..

"..ဟေ့ကောင်တွေ ဟိုမှာကြည့်စမ်း..ဒီအရွယ်ကြီးကျမှ..ဒူးထောက်လက်မြှောက်နေရတယ်တဲ့ကွာ..ဟားဟား.."

တစ်ယောက်တစ်ပေါက်စီနဲ့
ကျွန်တော့်ကိုရွဲ့စောင်းသလိုခနဲ့သလို
ပြောသွားကြတာသိပေမယ့်လည်း
မသိသလိုသာနေလိုက်ရသည်..
ကျွန်တော်က ကျွန်တော်နဲ့ပတ်သက်
တဲ့သူတွေစကားကလွဲလို့
တစ်ခြားသူတွေစကားကို
စိတ်ထဲထည့်တက်တာမှမဟုတ်တာ..

"..ဟန်နီ.."

"..မောင်.."

နှစ်ဦးကြားရုံလောက်တိုးလျတဲ့
အသံနဲ့ ပြောရင်း
မောင်က မယုံနိုင်တဲ့မျက်၀န်းတွေနဲ့
ကြည့်နေသည်..ဘေးနားမှာ..
တခြားသူတွေမရှိတာတော်သေးတယ်
လို့ပြောရမည်..

"..သူများတွေပြောနေကြတာ..ကွင်းလယ်မှာ အထူးဆန်းဒူးထောက်တဲ့သူဆိုလို့..မောင်တို့လာကြည့်တာ..ဟန်နီဖြစ်နေတာဘဲ..
ဘယ်လိုဖြစ်တာလည်း.."

"..အင်း ဒီလိုဘဲဖြစ်သွားတယ်.."

"..အင်းပါ..အဲ့တာဆို မောင်သွားပြီနော်.."

ဟန်နီအဆင်ပြေရဲ့လား
မောင်တစ်ခုခုလုပ်ပေးရအုန်းမလားလို့
တောင်တစ်ခွန်းမမေးဘဲ..
မောင်သွားပြီတဲ့လား..
ထားပါ..မောင်အရေးကြီးတာတစ်ခုခုရှိလို့နေမှာ

‌ဒူးထောက်ရတဲ့အရှိန်ရယ်
ညက..မောင်လုပ်ထားတဲ့အရှိန်ရယ်
‌နေပူပူအောက်မှာဒူးထောက်ထိုင်ရတယ့်
အရှိန်ရယ်ကြောင့်..လူက..
သိပ်ပြီးမဟန်ချင်တော့..

မောင့်ကိုကြည့်တော့..မောင်က..
သူ့သူငယ်ချင်းတွေနဲ့စကားပြောရင်း
ဘောလုံးကွင်းပြင်ကိုထွက်သွားပြီ..

ကျွန်တော်လည်းမောင်သွားတာ
သေချာမှ တင်းထားတဲ့စိတ်ကို
လွှတ်ချမိတော့..လူကကြမ်းပြင်ပေါ်
လှဲချမိသွားသည်..လောကနဲ့
အဆက်သွယ်မပြတ်ခင်..နောက်ဆုံး
တွေ့လိုက်ရသည်က..ကျွန်တော့်
‌ဆီပြေးလာတဲ့ ကျွန်တော့်
သူငယ်ချင်း.Khao...

(my)BRIGHT (ONGOING)Dove le storie prendono vita. Scoprilo ora