Unicode
"..ဟန်နီ..မောင်အိမ်ရှေ့မှာရောက်နေပြီ.."
ဖုန်းအဟောင်းလေးရဲ့မျက်နှာပြင်ထက်မှာ..
မောင်ပို့ထားတဲ့စာလေးကြောင့်..
အိမ်ရှေ့ကိုအမြန်ထွက်ခဲ့လိုက်သည်.."..မောင်..အင့်.."
စကားပင်မဆုံးလိုက် တင်းကျပ်အောင်
အဖက်ခံလိုက်ရတာကြောင့်..လန့်ပင်သွားမိသည်.."..မောင် ဘယ်လိုဖြစ်နေတာလည်းလွှတ်ပါအုန်း..အသက်ရှူကျပ်
တယ်လေ မောင်ရဲ့..""..လွမ်းတယ်..မောင့်အချစ်ရယ်.."
"..အာ မောင်ကလည်းကွာ..ဖုန်းပြောထားသေးတယ်လေ.."
"..အဲ့တာ ဟန်နီ့ကိုတွေ့ရတာမှမဟုတ်တာ.."
"..ဟာကွာ..မောင်နော်..ဟန်နီမောင့်ကို ပိုပြီးချစ်လာအောင်လုပ်နေတာလား.."
"..ဘာလည်း ဟန်နီကမောင့်ကိုမချစ်ချင်လို့လား.."
"..အဲ့ အဲ့လိုတော့မဟုတ်ဘူးလေ မောင်ကလည်း ဒီနေ့မှဘယ်လို
ဖြစ်နေတာလည်း ပြောပါအုန်း လူကိုဖက်ထားတာများ လွှတ်တောင်မပေးတော့ဘူး..""..မောင့်အချစ်ကို မောင့်နားမှာဘဲထားချင်လို့.."
"..ဟူး..မောင်ကတော့နော်..လာအထဲ၀င်ကြမယ်..အပြင်မှာသူများတွေရှိနေတာရှက်စရာကြီးလေ.."
"..မရှက်ပါဘူး ကို့ချစ်သူကိုဖက်တာဘဲ..ရှက်စရာမှမလိုတာ.."
"..မောင်ကတော့လေ ပြောလေ ကဲလေပါလားနော်..အင့်ကွာ.."
Winနှုတ်ခမ်းလေးဆူလိုက်ပြီး..မောင့်ခြေထောက်ကို
မိမိခြေထောက်တစ်ဖက်နဲ့တက်နင်းချပစ်လိုက်တော့..
မောင့်ဆီက မကျေမနပ်သံလေးတွေကထွက်လာသည်.."..အာ့!! ဟန်နီကလည်းကွာ..မောင့်ကိုအနိုင်အရမ်းကျင့်တာဘဲ.."
"..အမလေး..လူဆိုးကောင်ရယ်..ခင်ဗျားကြီး ကျွန်တော့်အပေါ်
လုပ်ခဲ့တာတွေထက်စာရင် ဒါက ပိစိလေးဘဲရှိသေးတာသိလား..""..ကျစ်..မောင့် ဟန်နီကတော့ ပြောလေကဲလေနော်..ရတယ်လေ..
လာထား..""..ဟာ့ မောင် ဘာလို့ချီတာလည်း..မောင်..မောင် ချပေးလို့.."
၀င်သွားသောချစ်သူနှစ်ယောက်ကိုကြည့်ရင်း..
တိုင်အကွယ်နားမှာ..မျက်ရည်ခနေသောကောင်လေး
တစ်ယောက်လည်းရှိသည်..