အနီပြပါတယ်လို့ဒီအခန်းက+ဆန်သွားတာမို့
အသက်မပြည့်သေးတဲ့ဘေဘီလေးတွေ
ဒါမှမဟုတ်အဲ့အခန်းကိုမကြိုက်တဲ့သူလေးတွေ
မဖတ်ပါနဲ့ညော်🖤သတိအရမ်းေတာ့မမှောင်ထားပါဝူးလို့🖤Unicode
ကျွန်တော်မမှီလိုက်တဲ့စာတွေ
ပြန်လုပ်ရင်းမောင်နဲ့ရန်ဖြစ်ထားတာတောင်
မေ့လုနီးပါးဖြစ်သွားရသည်..ခုံအဟောင်းပေါ်ကမှန်ကွဲရာနဲ့..
ဖုန်းမြည်မှ.."..ဟယ်လို.."
"..ဟယ်လို အကိုWin.."
"..အင်း ဘယ်သူလည်းမသိဘူး??"
"..ကျွန်တော်က Dew Brightရဲ့သူငယ်ချင်းပါ..အခုသူအရမ်းမူးပြီး ပြဿနာရှာနေလို့.."
"..အဲ့တာ ကိုနဲ့မဆိုင်ဘူးလေ.."
"..ဟို..ဒါပေမယ့်..အကိုလာမှရတော့မှာမို့လို့ပါ..အကို့နာမည်ကို
ခေါ်ပြီးသူပြဿနာရှာနေတာ..""..အင်း အဲ့တာဆို ခဏနော် အခုလာခဲ့မယ်..ဒါနဲ့အခုဘယ်မှာလည်း.."
"..ဟို BW Clubမှာဗျ.."
"..အိုခေ အကိုလာခဲ့ပေးမယ်.."
Winနွေးလောက်မယ့်လက်ရှည်တစ်ထပ်
ထပ်၀တ်ပြီးအမြန်ပြေးထွက်လာခဲ့လိုက်သည်..မောင် ဟာလေ..ဘယ်လိုလေးမှန်းကို
မသိဘူး။။"..အကိုWin..ကျွန်တော်တို့ဒီမှာ.."
Winအမြန်ပြေးသွားလိုက်တော့
မောင်က မူးပြီးမှောက်နေပြီ.."..မောင်..အဲ..ဒီမှာ..ထ ထလေ.."
"..မင်း..မင်းဒီကိုဘာလာလုပ်တာလည်း မင်းကောင်နဲ့ဘဲသွားသာယာနေပါ..ငါဆိုတာ မင်းအတွက် စောက်ရေးပါတဲ့ကောင်မဟုတ်ဘူးမလား..သွား မင်းကောင်နဲ့ဘဲ သွားသာယာနေ.."
Winမှာ.. Brightပြောတာကို
မတုန့်ပြန်အား..Dewနဲ့Naniကိုသာ
အားနာသလိုကြည့်နေတာမို့.."..ကျွန်တော်တို့သိထားပါတယ်..အကိုနဲ့..သူနဲ့က.."
"..အင်း..အဲ့တာဆိုလည်း ဖုံးကွယ်ပေးထားပါနော်..အကိုသူ့ကိုခေါ်သွားလိုက်မယ်.."
"..ဟုတ်ကဲ့ဗျ.."
Win..Dew..Naniကိုနှုတ်ဆက်ပြီးမှ
မောင့်ရဲ့ကိုယ်အလေးကြီးကိုသယ်လာရသည်..
