Unicode
ညကအိပ်ဆေးအရှိန်ကြောင့်ထင်ပါသည်..
လူကစောစောအိပ်ပျော်သွားပြီး ပြန်ထတော့
နေရတာ အတော်ကိုသက်သာသွားသည်..
မောင့်ကိုကြည့်တော့ မောင်က အိပ်နေဆဲ..
မောင်လည်း ပင်ပန်းနေပြီထင်ပါသည်..
မှတ်မိသလောက်ညက အဖျားနည်းနည်း
တက်သေးတာမို့ မောင်နည်းနည်းအလုပ်ရှုပ်
သွားသည်လေ..မောင်ဒီလောက်ဟန်နီ့အပေါ်
ကောင်းပေးတာကိုဘဲ ကျေနပ်မိပါသည်..စောစောနိုးတာရယ်..ကျောင်းပိတ်တာရယ်ကြောင့်
မောင့်ကိုမနှိုးသေးဘဲ..ဒီအတိုင်း..မောင့်ရဲ့..လက်
မောင်းပေါ်လေးမှာ လက်နှစ်ဖက်ကိုတင်လိုက်ကာ..
မောင်နဲ့..မျက်နှာချင်းဆိုင်အနေထားလေး
ဖြစ်အောင်နေလိုက်ရင်း..မောင့်မျက်နှာလေးကို
သာကြည့်နေမိသည်.."..အို..ဟန်နီ.."
"..မောင် တောင်နိုးလာပြီ.."
"..အင်း..ဟန်နီရာ..မောင့်ကိုနှိုးလိုက်ရောပေါ့.."
"..ဟင့်အင်း..မောင်ညက ဟန်နီ့ကြောင့်ပင်ပန်းထားတယ်လေ..
ဟန်နီ မောင့်ကိုနားစေချင်လို့ မနှိုးတာပါ..""..အမလေး မောင့်အချစ်က အတက်ကလေးပါလား..လာပါအုန်း.."
မောင်ကပြောရင်း ကျွန်တော့်ရဲ့ခါးကိုတင်းနေ
အောင်ဆွဲဖက်လို့ထားသည်..ကုတင်က
တစ်ယောက်အိပ်ကုတင်ဖြစ်တာရယ်..
မောင်က သူ့ဘက်ကို ကျွန်တော့်ကိုဆွဲယူထား
တာရယ်ကြောင့် ကျွန်တော်တို့အခြေနေက..
တစ်ယောက်အသက်ရှူသံကို တစ်ယောက်
ကြားနိုင်နေပြီ.."..မောင်..ဘာလုပ်တာလည်း လွှတ်အုန်း.."
"..မောင့်အချစ်ကိုဖက်တာလေ..ဘာဖြစ်လို့လည်း.."
"..မောင်ကလည်း..ရှက်စရာကြီး..ဖယ်ပေးလို့.."
မောင့်လက်ကိုဖယ်ချကာမှ..မောင်ကပိုတိုး
ပြီးဖက်ထားသည်..မောင်ဆိုတာအဲ့လို..
သူများမကြိုက်ရင်ပိုတိုးလုပ်တက်သည်.."..ချစ်တယ် မောင့်အသက်.."
"..အင်း မောင်..ဟန်နီလည်းချစ်တယ်..အရမ်းချစ်တယ်မောင်.."
မောင်က ကျွန်တော့်ခါးကိုတင်းနေအောင်
ဖက်ထားပြန်သည်..နဖူးထက်ကိုမောင့်ရဲ့
လေငွေ့လေးနဲ့အတူ အနမ်းတစ်ပွင့်ကျရောက်
လို့လာသည်..ကျွန်တော်လည်း မျက်လုံးများကို
သာမှိတ်ချလိုက်သည်..