Part-19

186 26 1
                                    

Unicode

"..ဟန်နီ ဘာတွေလုပ်နေတာလည်း.."

"..ဗျာ..ဟို ညစာစားဖို့ပြင်နေတာပါ မောင်ရဲ့.."

"..အော် ကွယ် ဟန်နီကတော့လေ..အပြင်မှာသွားစားလည်းရနေတာဘဲကို သက်သက် ပင်ပန်းအောင်လုပ်နေတာဘဲ.."

"..မောင်ကလည်း..ဟန်နီကမောင်စားစေချင်လို့ ကိုယ်တိုင်ချက်ပေးနေတဲ့ဟာကို.."

"..အင်းပါ..‌ဟန်နီကကိုယ်တိုင်လုပ်ပေးတာဆိုတော့လည်း မောင်က မတားတော့ပါဘူး..ဆက်လုပ်နော်ဟန်နီ.."

Brightကပြောရင်းဟန်နီ့ခါးသွယ်သွယ်ကို
နောက်ကနေလှမ်းဖက်သည်..ဟန်နီ့ကျောပြင်လေးပေါ်
ခေါင်းကို မှီထားရင်း...

"..မောင်..ဟန်နီ ဟင်းချက်နေတယ်လေကွာ..ဘယ်လိုဖြစ်နေတာလည်း.."

"..ဟန်နီ့ကိုဖက်ထားချင်လို့လေကွာ.."

"..မောင်ကတော့လေ မကြီးမငယ်နဲ့လာချွဲပြန်ပြီ..အော် မောင်.."

"..အင်းဟန်နီ.."

ဟန်နီ့ရဲ့လည်ပင်းနုနုလေးကိုတစ်ချက်
နမ်းလိုက်တော့ ဟန်နီ့ကိုယ်လေးက
တွန့်ခနဲ့..

"..ဟို..ဟန်နီ နောက်နေ့အလုပ်ဆင်းရမယ်.."

"..ဘာအလုပ်လည်းဟန်နီ..ပင်ပန်းရမှာများလား..??"

"..မပင်ပန်းရပါဘူး..ကော်ဖီဖျော် ကောင်တာထိုင်ပေါ့..ဒီလောက်ပါဘဲ မောင်ရဲ့.."

"..အင်းပေါ့လေ..ဟန်နီကလုပ်မယ်ဆိုတော့လည်းဟန်နီ့သဘောဘဲပေါ့.."

"..အင်း မောင်ကျေးဇူး.."

ဟန်နီ့က ကိုယ်လေးကို နောက်သို့အသာစောင်းရင်း
ကျွန်တော့်ပါးသို့အနမ်းခြွေလိုက်ပြီး..ရှေ့သို့ပြန်လှည့်ကာ
လုပ်စရာရှိသည်များကိုဆက်လုပ်နေသည်..

"..ဟာ ကွာ..."

ဒုန်း!!!!

"..အန်ကယ်ဖေဖေ အန်ကယ်ဖေဖေရယ် စိတ်ကိုလျော့ပါ..အန်တီမေမေ..အန်ကယ်ဖေဖေက ဘာဖြစ်တာလည်းဟင်.."

Kelvinမှာ အိမ်မပြန်ဘဲအန်ကယ်ဖေဖေတို့ဆီလာတော့
သောင်းကျန်းနေတာတွေ့ရသည်..အကြောင်းအရင်းကို
သိသော်လည်း..မသိချင်ယောင်ဆောင်ကာမေးလိုက်ခြင်းဖြစ်
သည်..

(my)BRIGHT (ONGOING)Where stories live. Discover now