Unicode
တစ်ခါတစ်လေကျ အချစ်ဆိုတဲ့အရာကြီးက
အရမ်းကိုပင်ပန်းရတယ်..လက်လွှတ်ချင်တယ်
လက်မလွှတ်နိုင်ဘူး..ဟက် အဲ့လိုဖြစ်နေမိတဲ့
ကျွန်တော်ကစောက်ရူးဘဲ.."..အကို့.."
ကျောင်းဆင်းတာနဲ့..ဟန်နီ့ဆီသွားဖို့
ခြေလှမ်းပြင်နေတုန်း.. Kelvinက
လက်ကိုဆွဲထားတာကြောင့်.."..ဘာလည်း Kelvin..အကိုသွားစရာရှိတယ်.."
"..ဟာ အကိုကလည်း သတိမေ့နေပြန်ပါရောလား..ဒီနေ့ညစာစားဖို့ ချိန်းထားကြတယ်လေဗျာ.."
"...အော်.."
"..ကျွန်တော်နဲ့တစ်ခါထဲလိုက်ခဲ့လေအကိုနော်.."
"..အင်းဟို.."
"..အကိုကလည်း လိုက်ခဲ့ပါဆို.."
Brightမှာအင်တင်တင်နဲ့ Kelvinဆွဲရာ
နောက်သို့လိုက်လာခဲ့ရတော့သည်...ကျွန်တော်ဒီနေ့နေလို့သိပ်မကောင်းတာရယ်
အိမ်ကိုလည်းပြန်ချင်စိတ်မရှိတော့တာ
ရယ်ကြောင့်..လျှောက်သွားဖို့သာ
ပြင်မိသည်...ခြေဦးတည့်ရာ..လျှောက်သွားနေလိုက်သည်
တွေ့သမျှခဲတွေ ကန်ကျောက်ပစ်သည်..
ထွက်လာတဲ့ မျက်ရည်စတွေ..ကြမ်းကြမ်း
တမ်းတမ်းခါထုတ်ပစ်မိသည်..
ကျွန်တော်တက်နိုင်တာဒါဘဲရှိတယ်လေ..
မောင့်ကိုစိတ်ဆိုးတယ်..မောင့်အပေါ်..
စိတ်ခုတယ်ဆိုရင်..မဆိုင်တဲ့အရာတွေအပေါ်
ပုံချတက်တာ..ကျွန်တော့်ရဲ့အကျင့်တွေ
ထဲကတစ်ခု..."..Win.."
ခဲလုံးတွေကိုကန်ကျောက်နေတုန်း ဘေးက
အသံကြားတာကြောင့် လှည့်ကြည့်မိတော့.."..အာ!! neo.."
"..မင်းဒီမှာတစ်ယောက်ထဲဘာလာလုပ်နေတာလည်း.."
"..ဒီလိုဘဲပေါ့ကွာ.."
"..အေးပါ အေးပါ.."
"..မင်းကရော.."
"..ကျောင်းလစ်လာတာလေ ဟေးဟေး..ငါ့သူငယ်ချင်းတစ်ချို့က
ဟိုဘက်မှာမို့..""..အော် အင်း.."
"..မင်းငါတို့နဲ့လိုက်ခဲ့မလား.."
"..အာ..တော်ပါပြီကွာ..မင်းတို့သာသွား.."
"..အေး အဲ့တာဆိုငါသွားပြီနော်.."