Unicode
ကျွန်တော် Kelvinနဲ့ပြန်လာရင်း..
တစ်စုံတစ်ခုကိုစိတ်ပူသလို..
ရင်ဘက်ကအောင့်လာတာကြောင့်..".. Kelvin..အကိုဒီအထိဘဲလိုက်ပို့တော့မယ်..အိမ်ကို..တက္ကစီ
ငှားပြီးဘဲပြန်လိုက်တော့..ဒါမမဟုတ် အကို့ကားယူပြီးသွားနှင့်လိုက်ကွာနော်..အကို တကယ်အရေးကြီးကိစ္စလေးရှိလို့.."Brightပြောရင်း..လွယ်အိတ်ကို..
ဆွဲယူရင်း..ကားပေါ်ကနေပြေးဆင်းကာ..
ဟန်နီ့အိမ်သို့အမြန်လာခဲ့ရသည်..ဟန်နီ့အိမ်ရှေ့ရောက်တော့ ဟန်နီကမရှိတာလား..
မရောက်သေးတာလား..အိမ်ထဲကမီးလင်းလာတာ
မတွေ့..ခဏကြာတော့..ဟန်နီ့ကို..တွေ့တာကြောင့်..
ခေါ်မယ်အလုပ်..ဟန်နီက..ကျွန်တော့်နာမည်ကို
ခေါ်ပြီးရင်ခွင်ထဲသို့ပြေး၀င်ကာ ငိုနေတာကြောင့်.."..ဘာဖြစ်လာတာလည်းဟန်နီ..မောင့်ကိုပြော.."
"..ဟင့်...ဟန် ဟန်နီ့ကို..လူတစ်ယောက်..မကောင်းတာလုပ်ဖို့
ကြံနေတာ ဟင့် မောင် ငါအရမ်းကြောက်တယ်..ငါလေ ငါလေ.."ဟန်နီ့ကိုယ်လေးက တဆက်ဆက်တုန်နေတာမို့
ကျွန်တော်ဟန်နီ့ကိုယ်လေးကိုအသာပွတ်ပေးရင်း.."..မကြောက်နဲ့နော်..ဟန်နီ..တိတ်တော့..မောင်အခုဟန်နီ့ဘေးမှာ
ရှိနေပြီဘဲ..နော်..ဟန်နီ.."Brightလက်သီးကိုခပ်တင်းတင်း
စုပ်ထားမိသည်..ငါဘာဖြစ်နေတာလည်း..
ဟန်နီ့ကြောင့် ဒီလူကိုစိတ်တိုနေမိတာလား??
ငါ့လိုလူကလေ.."..မောင်.."
"..အင်း..ဟန်နီပြော.."
"..ငါ့နားကနေ ထွက်မသွားပါ ဟင့် နဲ့ နော်..မောင်မရှိရင်ငါသေသွားလိမ့်မယ်..ဟင့်.."
"..ဟန်နီရာ.."
မောင့်လိုလူတစ်ယောက်ကို..ဘာလို့အဲ့လောက်
အနစ်နာခံပြီးချစ်ပေးနေရတာလည်းဟန်နီ..
ဟန်နီ့အချစ်တွေကမောင့်လိုလူမျိုးနဲ့မတန်ပါဘူး
ဟန်နီရယ်.."..မငိုနဲ့တော့နော်..ဟန်နီ တိတ်တော့..ဟန်နီ့နားမှာ မောင်ရှိနေတယ်မလား..အဲ့ကောင် ဘယ်သူဆိုတာလည်း..မောင်စုံစမ်းပြီး..
ရဲလက်ကို ပို့ပေးမယ်..မောင့်ကိုယုံ..အခုဟန်နီက..အိမ်ထဲကို..
၀င်ပြီး..နားနားနေနေ နေ..ဟန်နီ့ နားမှာ မောင်ရှိနေပေးမယ်.."