Part-7

215 19 0
                                        

Unicode

"..Winဟေ့ရောင်ထတော့ .."

"..အင်း.."

Winညက ဘာဖြစ်မှန်းမသိအစောကြီး
အိပ်ပျော်သွားမိတာ..အခုမှနိုးတော့သည်..

"..ဘယ်လိုလည်း.."

"..ဘာကိုလည်း.."

"..ညက မင်းကိုတိုက်တဲ့ ကော်ဖီထဲမှာ ငါအိပ်ဆေးထဲ့ထားတာလေ.."

"..အဲ့တာကြောင့်မို့..ငါအစောကြီးအိပ်ပျော်သွားတာနေမှာ..မင်းကတော့လေ.."

"..မင်းက..နို့မိုဆို..မအိပ်ဘဲမင်းကောင်အကြောင်းစဉ်းစားနေအုန်းမှာလေ..ငါသိနေလို့..မင်းကိုအိပ်‌ေဆးထည့်တိုက်လိုက်တာ.."

Win..Khaoကိုမျက်စောင်း
ထိုးရပြန်သည်..

သူဟာလေ..မောင့်ကိုဆို အကောင်းကို
မမြင်ဖူး..

"..ထ..ငါ့ကိုမျက်စောင်းဘဲထိုးမနေနဲ့..မင်းအိမ်၀င်ပြီး..စာအုပ်
တွေယူရအုန်းမယ်မလား.."

"..အော် အေးဟုတ်သားဘဲ ငါမေ့နေတာ.."

"..မေ့နေလိုက်..မင်းလင်‌အကြောင်းကြတော့ မမေ့ဘူးနော်.."

"..ဟာ မင်းနော် မောင့်ကို မင်းလင် မင်းလင်နဲ့မပြောပါနဲ့..မင်းကောင်လေးလို့ဘဲပြောပါ..လူကိုကြည့်တော့ယဉ်ကျေးမဲ့ပုံလေး
နဲ့ ရိုင်းလိုက်တာဆိုတာ.."

Winပြောတော့..Khaoကလိုက်ထု
တာမို့လို့ပြေးရပြန်သည်..

"..တော်သေးတယ်..အဲ့ကောင်လက်ကလွတ်လာလို့ဟူး.."

Winရေမိုးချိုးပြင်ဆင်ပြီး..
ကျောင်းသို့ထွက်ခဲ့လိုက်သည်..

ကျောင်းကိုထင်ထားတာထက်တောင်
စောပြီးရောက်သွားသည်မို့
တော်သေးတာပေါ့..

"..ဟန်နီ.."

လူကရှင်းနေတာမို့..မောင်က..
ကျွန်တော့်လက်ကိုကိုင်တာနေမှာပါ..
တော်ရုံဆို မောင်က ဒီလိုမလုပ်တက်ဘူး..
အထူးသဖြင့် လူများရင်ပေါ့..

"..မောင်..မောင်ကဒီကို ဘယ်လိုလုပ်.."

"..ဖယ် မင်းငါ့သူငယ်ချင်းလက်ကိုလွှတ်လိုက်.."

Khaoကပြောတော့..Win
ကအသာခေါင်းယမ်းပြသည်..

"..မလွှတ်နိုင်ပါဘူး..ဒါငါ့ချစ်သူလေ..ငါ့ချစ်သူလက်ကိုငါကိုင်
တာဘာမှားနေလည်း.."

(my)BRIGHT (ONGOING)Where stories live. Discover now