Unicode
ခါးထက်ကမောင့်လက်တွေကတင်းကျပ်
သထက်ပိုပိုတင်းကျပ်လို့လာသည်...
မောင့်ရင်ဘက်ကအင်္ကျီစများကိုလည်း
ပိုပြီး တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားမိသည်.."..ဟင်း.."
မောင်က ကျွန်တော့်နှုတ်ခမ်းများကိုခဏ
အနားပေးပြီး..လည်ပင်းထက်သို့..မောင့်
အနမ်းများရောက်လာကာ..တိခနဲကိုက်လိုက်..
ပြွတ်ခနဲ စုပ်လိုက်ဖြင့်..အမှတ်သားများပေးလို့
နေသည်..သို့သော်လည်း ကျွန်တော်မတားမိပါ.."..hmm..မောင်.."
ရင်ဘက်အစုံကပိုပိုပြီးသာခုန်လို့လာသည်..
ရပ်တန့်ချင်ပါသည် သို့ပေမယ့် မရပ်တန့်နိုင်..
မောင့်အနမ်းများကြားကျွန်တော်ပျော်၀င်နေမိပြီ..အတန်ကြာတော့ မောင်ကရပ်တန့်သွားသည်..
"..အိပ်ကြရအောင် ဟန်နီ.."
ရုတ်တရက်ဆိုသလိုဖြစ်သွားတာမို့
ကျွန်တော့်မှာဘာစကားမှပင်မဆိုနိုင်
ကျွန်တော်သာတောင်းဆိုလိုက်မယ်ဆိုရင်
မောင်ကျွန်တော့်ကို အထင်သေးမှာလည်းဆိုးမိတာ
ကြောင့် အိပ်ဖို့သာပြင်လိုက်ရတော့သည်..မောင်ကလက်တစ်ဖက်ကို ကုတင်ထက်သို့
ကားလျှက်တင်ထားပေးသည်..ကျွန်တော်လည်း
မောင့်ရဲ့လက်မောင်းတွင်းသို့၀င်လိုက်ကာ..
မောင့်ခါးကိုဖက်လျှက်..အိပ်စက်ခြင်းဆီသို့...ဒီနေ့လည်း မောင်ဘေးမှာရှိနေတာကြောင့်..
အိမ်မက်တွေကလှအုန်းမှာပါ..Kelvinတစ်ယောက်ထိုင်နေရင်း
လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားမိ
သည်..အကိုဘာလို့ခုချိန်ထိပြန်မလာရသေးတာလည်း
အခုချိန်ထိ အဲ့လူအိမ်မှာရှိနေတုန်းလား..
ကျွန်တော်လေ အဲ့အကိုကို သဘောမကျလိုက်တာ
နော်..သူကအကို့အချစ်တွေကိုအပိုင်ရထားတဲ့သူ
ကျွန်တော်တကယ်ကိုမနာလိုဘူး အကိုရယ်..
အားနာရမယ်ဆိုတာသိပေမယ့်လည်း..
ကျွန်တော်အားမနာနိုင်ဘူး အကို..
ဘာဖြစ်လို့လည်းဆိုတော့..အကိုက
ကျွန်တော့်အပိုင်ဖြစ်နေတာမို့လို့ဘဲ...မောင်အိပ်ပျော်သွားသော်လည်း
ကျွန်တော်ခုထိအိပ်မပျော်နိုင်သေး..
မောင့်မျက်နှာလေးကိုတယုတယလေး
ကြည့်နေမိသည်..