Part-6

213 19 0
                                        

Unicode

Khaoနောက်တစ်နေ့နံနက်..
မိမိသူငယ်ချင်းအိမ်သို့စောထွက်လာခဲ့လိုက်သည်

"..ဟေ့ကောင် တံခါးဖွင့်..ဟေ့ရောင်..ဟေ့ရောင်ရေ.."

Winမှာ မိမိအဒေါ်ပေးထားတဲ့အမွေအိမ်လေးနဲ့
နေရခြင်းဖြစ်သည်..အမွေအိမ်ဆိုသည်မှာလည်း..
သူများလို ထည်ထည်ဝါဝါအိမ်မျိုးမဟုတ်..
သာမာန်အိမ်လေးတစ်လုံးသာဖြစ်သည်..

"..အင်း..လာလေ.."

မျက်လုံးသားများမှာမဲမှောင်ပြီး..
ရုပ်က ညှင်းသိုးသိုးဖြစ်နေတာကြောင့်
Khaoသိလိုက်ပါပြီ..
ညက..သူ့ကောင်နဲ့ကိစ္စတစ်ခုခုရှိလို့နေမှာ..

"..ညက မင်းကောင် ဖုန်းဆက်လား??"

"..အင်း ဆက်ပါတယ်..ငါတောင်‌အပျော်လွန်ပြီး ငိုရသေးတယ်.."

"..ကျစ်..မင်းဘယ်အထိငါ့ကိုညာနေအုန်းမှာလည်း..ငါမင်းသူငယ်ချင်းနော်..မင်းဘာဖြစ်နေလည်းဆိုတာကို မသိနိုင်တဲ့အထိ
ငါအ မနေဘူး.."

"..မင်းကလည်း..ဟို ဟိုမောင်က မ မအားလို့နေမှာပါ..ငါ့မွေးနေ့ကိုမောင်က မေ့စရာလား.."

"..အေး မင်းဘဲမင်းကောင်ကို ဇွတ်ရုံနေ..ငါတော့ အဲ့ကောင်ကိုတစစီလုပ်ပစ်ချင်နေပြီ.."

"..ဟာ မင်းကလည်း မောင့်ကိုအဲ့လိုမျိုးတွေမပြောပါနဲ့..လုပ်လည်းမလုပ်နဲ့..ငါမကြိုက်ဘူး.."

"..ကျစ်..မင်းနဲ့ဆက်နေရင်..ငါမင်းကိုထိုးမိတော့မယ်..မင်းကောင်ကိုကျပ်ကျပ်အလိုလိုက်သိလား..နောက်မှမင်းနောင်တရမယ်.."

"..ဟင့်အင်း..ငါမောင့်ကိုချစ်ခဲ့တာ နောင်တရဖို့မှမဟုတ်တာ..မောင် ဘာဘဲလုပ်နေလုပ်နေ ငါချစ်‌တယ်.."

Khaoစကားပင်ဆက်မပြောနိုင်တော့
မိမိသူငယ်ချင်းရဲ့ချစ်တက်ပုံက
လက်ဖျားပင်ခါလောက်သည်..

"..မင်းနော်..ငါဆက်မပြောချင်တော့ဘူး..သွား..အ၀တ်သွားလဲ..
မေမေတို့က မင်းကိုခေါ်ခိုင်းလိုက်လို့.."

"..ငါမလိုက်တော့ဘူးလေ..ဒီတိုင်း အိမ်မှာဘဲ..."

"..လူကြီးစကားကိုမင်းကငြင်းမလို့လား??"

(my)BRIGHT (ONGOING)Where stories live. Discover now