မင်းနဲ့ငါ့ကြား
ပါးပါးလေးနဲ့ ခြားနေတဲ့စည်း
ဖြတ်တောက်ဖို့မလွယ် ၊
ရပ်တန့်ဖို့မလွယ်နဲ့
တဖြည်းဖြည်းချင်း ငါကသေတယ်..။======
''ရော့ မင်း bananamilk''
လှမ်းပစ်ပေးတော့ တစ်ခုခုကို အတွေးလွန်နေတဲ့စတိုင်နဲ့ Jungkook က ဖမ်းယူသည်။
တကယ်တော့ လူမိုက်ရုပ်နဲ့ ကလေးကလား Bananamilk သောက်တဲ့ Jungkook ပုံစံက ရီချင်စရာကြီး။
အင်း ၊ သူ့အတွက် Bananamilk မှတ်မှတ်ရရ ဝယ်„ဝယ်ပေးနေတဲ့ ကျွန်တော်ကလည်း ရီစရာကြီး။
''Jungkook မင်းက ကလေးလားဟမ်! ဘာကိစ္စ ပေပွအောင် သောက်နေတာလည်း''
နှုတ်ခမ်းစမှာ တွဲလဲခိုနေတဲ့ တချို့တလေကို လက်မနဲ့ ဖိသုတ်ပေးမယ် ပြင်တော့ Jungkook က ခေါင်းရှောင်ပစ်သည်။
ဒီကောင် အခုတလော တရင်းတနှီးကို အထိမခံဘူး ။ အတင်းကို ရှောင်ဖယ်နေပုံများ။
''ငါ့ကို မဆင်မခြင် မထိပါနဲ့လို့
ဒီလောက်ပြောနေတာကိုကွာ..''''အရင်ကတည်းက ငါက မင်းတစ်ကိုယ်လုံးကို ထိချင်သလိုထိလာတာ အခုမှ ဘာလို့ ဆင်ခြင်ရမှာလည်း ၊ ဘာကိစ္စလည်းပြော''
ခပ်မာမာလေး ပြန်ပြောပစ်တော့ Jungkook က တချက်သာကြည့်ပြီး ငြိမ်သွားသည်။
သိသားပဲ ၊ ဒီကောင် Jungkook
ကျွန်တော့်ကို မနိုင်မှန်း။အဆက်မပြတ်မြည်နေတဲ့ ဖုန်းက Jungkook ဆီက။
''ဟုတ် အမေပြော''
''...''
''ဟာ...သားအခု လာခဲ့မယ်''
''......"
စိုးထိတ်နေသည့် Jungkook ၏ မျက်နှာအမူအရာကြောင့် Taehyung ချက်ချင်းပင် သွားဖို့အသင့်ပြင်ပြီးသား။
''ဘာလည်း Jungkook ။ အန်တီက ဘာပြောလို့လည်း''
''မေမေပြောတာက အဖေ အမော
ဖောက်လို့ ဆေးရုံတင်လိုက်ရပြီတဲ့''နှစ်ယောက်သား အမြန်နှုန်းနဲ့ ရောက်အောင်လာခဲ့လိုက်တာ ဆေးရုံရောက်တော့ အမောဆို့ပြီး ဟောဟဲဆိုက်ကုန်သည်။
''ရော့ ရေဗူး ။ ဖြည်းဖြည်းသောက် ရေသီးဦးမယ်''
ကျောပိုးလွယ်အိတ်နှစ်ခုလုံးကို ထမ်းပြီး ပြေးလာတဲ့လူက ကျွန်တော့်ကို ရေအရင်တိုက်တယ်တဲ့လေ။
![](https://img.wattpad.com/cover/278924697-288-k267035.jpg)
YOU ARE READING
Friend Zone ( Completed )
FanfictionKim Taehyung ကို ငါပဲထိမယ် ပြီးတော့ Kim Taehyung က ငါနဲ့ပဲ ငြိရမယ် Kim Taehyung ကို ငါပဲထိမယ် ပြီးတော့ Kim Taehyung က ငါနဲ့ပဲ ငြိရမယ် KOOKV Cover by zuzusrhee