°15°

16.1K 1.9K 601
                                    

လူတွေက ပုံပြင်တစ်ပုဒ်ကို
အဆုံးထိ မဖတ်ပဲ မကောင်းဘူး
ဝေဖန်ကြတယ်။

အဲ့ဒါကြောင့်
လူတွေ မသိနိုင်တဲ့
သူ့ပုံပြင်တစ်ဖက်ခြမ်းကို
မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့
အစပြုကြည့်မယ်။

warning! (child abuse
အခန်းတွေ ပါနိုင်တာမို့ပါ)

Taehyung အသက်၅နှစ် ။

လွယ်အိတ်လေးကို မနိုင်တနိုင်သယ်ပြီး လှေကားက ဆင်းလာတော့
စားပွဲဝိုင်းတွင် အသင့်စောင့်နေသော မေမေနှင့် ဖေဖေကို တွေ့သည်။

''အဒေါ်ကြီး Taehyung အတွက်
မနက်စာ လာချပေးပါ''

မနက်စာကို မေ့မေ့ကို ခွံ့စေချင်ပေမဲ့ ထုံးစံအတိုင်း Taehyung လေး
မပြောရဲပြန်ခဲ့ ။ 

ထို့ကြောင့် ဖုန်းတွေ ၊ ကွန်ပြူတာတွေနှင့် အလုပ်ရှုပ်နေသော ဖေဖေနဲ့ မေမေကိုသာ ခပ်ပြူးပြူးလေး ကြည့်ရင်း
မုန့်ကြွတ်တွေကိုသာ ပလုတ်ပလောင်း ဝါးနေမိသည်။

''သား Taehyung ..မေမေ မနက်ဖြန် အလုပ်ကိစ္စနဲ့ စပိန်ကို သွားရမယ် ။ သားဘာလိုချင်လည်း ''

''ဘာမှ မလိုချင်ဘူး ။
အဲ့မှာပဲ ကြာကြာနေ ''

Taehyung အဖြေကို အမေက မျက်နှာပျက်သွားပေမဲ့  Taehyung ကတော့ အမှန်အတိုင်းပြောလိုက်ခြင်း။

ဟုတ်သည်လေ ။ မေမေ ခရီးထွက်တိုင်း ဖေဖေက သူနဲ့ရွယ်တူ သူငယ်ချင်းတွေ အများကြီး ခေါ်လာတာမို့ သူတို့နဲ့ ဆော့ရတာကို Taehyung သိပ်သဘောကျသည် ။

ရွယ်တူ ကောင်လေးတွေ ၊ ကောင်မလေးတွေမှ အများကြီး ။ အဖော်မက်တဲ့ Taehyung လေးကတော့ သိပ်ပျော်တာပေါ့ ။

''သား မမနဲ့ ဆော့လိုက်ဦးနော်''

ဖေ့ဖေ့နောက်ကနေ ခပ်ကုတ်ကုတ်လေး ပါလာသည့် မမတစ်ယောက်။

အဝတ်အစားခပ်နွမ်းနွမ်းနှင့်
ထိုမမဆီသို့ အရုပ်လေးကိုင်ပြီး Taehyung လေး ကပ်သွားလိုက်သည်။

''ဆော့မလား''

အရုပ်လေးကို ပေးတော့
ထိုမမက ပြုံးပြုံးလေးနှင့် ယူသည်။

သဘောကောင်းမဲ့ပုံလေးဖို့
ဒီနေ့အဖို့ ဆော့ဖို့ရာ Taehyung လေး ပျော်သွားသည် ။

Friend Zone ( Completed )Where stories live. Discover now