°12°

15.6K 2K 304
                                    

ဘယ်သူကများ ခွင့်ပြုချက်မရှိ
ငါ့စီးကရက်ထဲကို
အလွမ်းတွေ ထည့်သွားခဲ့တာလည်း
အခုတော့ ငါ့မှာ
ရှိုက်ဖွာလိုက်တိုင်း အောင့်သက်သက်။

=======

''Taehyung နင် ဘယ်အချိန်ထိ
ဒီလိုမျိုး ထမင်းမစား ၊
ကျောင်းမသွားဘဲ နေ,နေမှာလည်း''

Jungkook မခေါ်မချင်း။

စိတ်ထဲက ကြိတ်ဖြေတာမို့ အခန်းဝက ဆူပူနေတဲ့ အမေကတော့ ကြားမည်မဟုတ်။

''နင် Jungkook ရှိတဲ့ တိုက်ခန်းကို
မပြန်သေးဘူးလား ။ ဘယ်အချိန်ထိ အိမ်မှာ တွယ်ကပ်နေမှာလည်း ။
နင့်အခန်းထဲလည်း ဘယ်တော့များမှ ပေးဝင်မှာလည်း''

တရစပ် မေးနေသည့် အမေ့ မေးခွန်းတွေကို Taehyung မဖြေချင်တော့ ။

နားနှစ်ဖက်ကို ခေါင်းအုံးဖြင့်
ဖိအုပ်ပစ်လိုက်သည် ။

''လာပါ မမရယ် Taehyung လေးက Jungkook နဲ့ ရန်ဖြစ်ထားလို့ နေမှာပေါ့ ။ ကလေးတွေက ဒီလောက်ခင်တွယ်တာပဲ ပြီးရင် ပြန်အဆင်ပြေသွားမှာပါ''

''ဒါပေမဲ့ ဒင်းက မွေးထားတဲ့ ငါ့ကို အခန်းထဲတောင် ပေးမဝင်ဘူးလေ''

''ဟာ မမကလည်း တော်ပါတော့''

ရုန့်ရင်းဆန်ခတ် အခြေအနေတွေ ရပ်သွားကာမှ Taehyung စိတ်ဒုံးဒုံးချမိသည်။

မေမေလေး ကယ်လို့ပေါ့ ။
မဟုတ်ရင် သူ့နားတွေပူထူနေမှာ။

''Ting''

တစ်နာရီခြား တစ်ခါ
ထွက်နေတဲ့ မက်ဆေ့ချ်ဝင်သံ။

စိတ်မရှည်စွာနှင့် ဆွဲယူလိုက်တော့ ပို့နေတာက ရီးစားဆိုတဲ့တစ်ယောက်။

နေကောင်းဖို့ ဂရုစိုက်သင့်ကြောင်း ၊ ဘယ်လောက်သတိရပြီး ဘယ်လောက်စိတ်ပူနေတယ်ဆိုတဲ့ အကြောင်းတွေပဲ ထပ်ခါတလဲလဲ။

အခုနောက်ဆုံး ပို့ထားသည့် စာက Taehyung ကို မျက်ခုံးပင် ပင့်သွားစေသည်။

''Date မယ်တဲ့ ။
အလကား သောက်ပိုတွေ''

စိတ်တိုတိုနှင့် ဖုန်းကို ကြမ်းပြင်ပေါ် လွှင့်ပစ်တော့ လက်ကောက်ဝတ်မှ Tattoo ဆီ ရောက်သွားသည့် အကြည့်။

Friend Zone ( Completed )Where stories live. Discover now