°5°

17.5K 2.2K 305
                                    

မှန်ထဲမှာ မြင်နေရတဲ့ မျက်နှာပေါ်က ဖူးယောင်နေတဲ့ ဒဏ်ရာတွေကို လက်ညိုးလေးဖြင့် မရဲတရဲလေး ဆေးလိမ်းနေသည့် Taehyung ။

ထိလိုက်တိုင်း ထူပူအောင် နာနေသဖြင့် မျက်ရည်ပင် ဝဲရသည်အထိ။

''Taehyung လေး ဘာလို့ တစ်ယောက်ထဲ ဆေးတွေ ကြိတ်လိမ်းနေတာလည်း ။ မေမေလေးက လိမ်းပေးမှာပေါ့''

အခန်းထဲဝင်လာပြီး သူ့လက်ထဲက ဆေးဗူးကို အသာလေးဆွဲယူသည့် မေမေလေး။

ပြီးနောက် သတိကြီးကြီးထားပြီး ဒဏ်ရာတွေကို ခပ်ဖွဖွလေး ဆေးလိမ်းပေးနေသည်။

''နာလား Taehyung လေး ။ နောက်တစ်ခါကျရင် မျက်နှာကို သိပ်အထိုးမခံနဲ့နော် ။ တတ်နိုင်သလောက် ကာထား ဟုတ်ပြီလား''

မေမေလေး ပြောပုံက ဆူပူတာမျိုးမဟုတ်ဘဲ စိတ်ပူပေးနေသလိုမျိုး ။ Taehyung စိတ်တွေအကုန် နွေးထွေးသွားရသည် ။

ရန်ဖြစ်ပြီး အိမ်ပြန်လာတော့ မေမေက ဆီးကြိုပြီး ဆူပေမဲ့ မေမေလေးကတော့ ဒဏ်ရာတွေက မျက်နှာအပြင် ဘယ်နားမှာ ထပ်ထိခိုက်သေးလည်းဆိုပြီးတော့သာ စိုးရိမ်တကြီး ရှာဖွေနေခဲ့တာ။

အဲ့တာကြောင့် Taehyung က မွေးထားတဲ့ အမေအရင်းထက် မေမေလေးကို ပိုပြီးသံယောဇဥ်တွယ်မိတာပေါ့။

''Taehyung လေးရဲ့ မေမေက Taehyung လေးကို စိတ်ပူပြီး ငေါက်လိုက်တာပါ ။ သူက Taehyung လေးကို တခြားလူတွေ ထပ်အနိုင်ကျင့်လိုက်ပြန်ပြီ ထင်နေတာလေ ။ သိတဲ့အတိုင်း သူက Taehyung လေး ကို တခြားလူလုပ်လို့ ခံလာရတာတွေကို မကြိုက်ဘူးလေ''

''အခုဟာက အနိုင်ကျင့်ခံရတာ
မဟုတ်ပါဘူး ။ ချိန်းပွဲသက်သက်ပါ''

''သိတယ် မေမေလေးက သိတယ်။ အဲ့တာကြောင့် Taehyung လေးရဲ့ မေမေကို နားလည်အောင် ပြောပြထားတာ။ သူက အခု Taehyung လေးကို မနက်စာ အတူစားဖို့ လာခဲ့ပါတဲ့ ။ ချော့မလို့နေမှာ ။ ကျောင်းဝတ်စုံလဲပြီးရင် အောက်ကို ဆင်းလာခဲ့နော်''

သူ့ခေါင်းကို ခပ်ဖွဖွပွတ်သပ်ပြီး အခန်းထဲကနေ ထွက်သွားသည့် မေမေလေး။

ကိုယ့်ကိုယ်ကို မှန်ထဲ နောက်တစ်ခေါက်ပြန်ကြည့်လိုက်သည်။

Friend Zone ( Completed )Dove le storie prendono vita. Scoprilo ora