°14°

16.3K 2K 616
                                    

မနီးတော့မယ့် ငါတို့နှစ်ယောက်ကို
ဒီ့ထက်တော့ ထပ်မဝေးစေချင်

မျိုသိပ်ရသမျှ ငါ့အချစ်တွေက
မင်း မျက်ခမ်းစပ်မှဲ့လေးမှာလို့
တိတိကျကျဖြေချင်..

======

''Ting''

ဝင်လာတဲ့ မက်ဆေ့ချ်ကို ဖတ်မလို့ ပြင်နေသည့် Taehyung လက်တွေကို သူ ဖမ်းဆွဲထားလိုက်သည်။

''စာလုပ်ရမယ့်အချိန် စာပဲလုပ်''

''အကျင့်ပုတ်ချက်''

ခပ်ဆူဆူနှုတ်ခမ်းလေးတွေက အလိုမကျမှုကြောင့် ပိုဆူထွက်နေသည်က ဘေးတိုက်အနေအထားမြင်နေရသည့် သူ့အတွက် မရိုးမယွဖြစ်စေသည်။

''ဝင်ခွင့်စာမေးပွဲက နီးနေပြီ ။ မင်းရီးစားနဲ့ ကြောင်ဖို့က အချိန်ရှိသေးလား''

''သူဖြင့် ရီးစားမထားဘူးပဲ''

''ထားလိုက်ရမလား ။
မင်း ဝင်မဖျက်ဘူးဆိုရင်ပေါ့''

အရှိုက်ကို ထိတော့
မျက်စောင်းလေး လှမ်းထိုးသည်။

Jungkook တွဲမယ်ကြံသည့် မိန်းကလေးတိုင်းနှင့် မပြတ်,ပြတ်အောင် ဖြတ်တာက သူ မဟုတ်သည့်အတိုင်း။

''စာလုပ်စမ်းပါ ။
ဝင်ခွင့်စာမေးပွဲက နီးနေပြီကို''

''ရီးစားနဲ့ အချိန်ပြည့်ကြောင်နေတဲ့ မင်းကိုပဲ ငါက စိတ်မချတာ''

ဘုဆက်ဆက် သူ့အပြောကို အားမပြင်းသည့် လက်သီးဆုပ်လေးတွေဖြင့် ရန်လာရှာသည်။

မတွေ့ရမမြင်ရရင် ခံစားရသက်သာပြီး မေ့သွားနိုင်လောက်တယ်ဆိုပေမဲ့
Kim Taehyung က သူ့ကို
အဲ့လို လုပ်ခွင့်မပြု။

အမြဲတမ်း ဘေးနားမှာ ရှိအောင် ဆွဲထားသည် ။ အပြုအမူတွေ ၊
အပြုံးတွေနဲ့လည်း သူ့ဒဏ်ရာကို
လာလာဆွစမြဲ။

မျက်နှာလေး မြင်လေ သူ့မှာပိုချစ်လေ။
လက်သီး​ဆုပ်လေးတွေနဲ့ အထုခံရရင်တော့လား ရောဂါရင့်နေတဲ့ အရူးလိုမျိုးပဲ။

အချစ်ဆုံးသူငယ်ချင်းကို ချစ်မိတာလည်း ဝဋ်ကြွေးတစ်မျိုးပါလား။

======

''Jeon Jungkook ရေ ၁၀ နာရီတောင် ထိုးနေပြီကို ငါစာလုပ်တာ ရပ်တော့မယ်လေ''

Friend Zone ( Completed )Wo Geschichten leben. Entdecke jetzt